ရန်ကုန်-မန္တလေးအမြန်လမ်းဆိုတာ နေ့စဉ်ကားပေါင်း ထောင်ချီ ဖြတ်သန်းနေတဲ့ အဓိကအဝေးပြေးလမ်းမကြီး တစ်ခုဖြစ်ပါတယ်……

အဲဒီလို ဥပဒဟို သွားလာနေတဲ့ အမြန်လမ်းဘေးမှာ ရှေးခေတ်က ဓလေ့နဲ့ မြှုပ်ထားတဲ့ အရိုးစု ၇ စု တွေ့ရှိတယ်လို့ သိရပါတယ်….

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီး မြို့ နယ်၊ ပဒေါင်ကျေးရွာအုပ်စု ၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၃၀ အရှေ့ဘက်ပေ ၁၅၀၀ ခန့် အကွာ နေရာမှာ ကြေးခေတ်၊သံခေတ် ဓလေ့နဲ့ မြှုပ်နှံထားတဲ့ အရိုးစု ၇ စုကို တွေ့ရှိခဲ့တာကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အရာထမ်း/ အမှုထမ်း တွေနဲ့ တူးဖော်သုတေသနပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်….

သုတေသနပြုလုပ်ချက်အရ လူအရိုးစု(၇)ခုတို့နဲ့ အတူ အိုးတွေ ၊ တိရစ်ဆာန်အရိုးလို့ ယူဆရတဲ့ အရိုးတွေ၊ အရိုးပုတီးစေ့ တွေ ၊ ကျောက်ပုတီးစေ့၊ ယောက်သွားခွံတစ်ခု နှင့် ကြေးမြှား သွား(၂)ခု တို့ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်….

ဒါတွေဟာ ဘယ်ခေတ်ဘယ်ကာလက မြှုပ်နှံခဲ့သလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး…

Writer – HW (Shwe Yaung Lan)