မြန်မာ နိုင်ငံဟာ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့်..ရိုးရာအရ နတ်ကိုးကွယ်သူတွေကလည်း ယနေ့တိုင် ရှိနေဆဲဖြစ်ပါတယ်။

အပြင်(၃၇)မင်း ၊ အ တွင်း (၃၇) မင်း ဆိုတာအားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ မှ ပန်းပဲ မောင်တင့်တယ်……နတ်မောင်နှမရယ် ပျော်စံမြန်းတဲ့ နတ်နန်းကြီးလဲ ရှိရာ ဌာနဝယ်……အဆိုတော် သုမောင်ရဲ့ ပုပ္ပါးတောင်တော် သီချင်းကို အားလုံးကြားဖူးကြမှာပါ

အခု တင်ပြမယ့် ရုပ်သံဖိုင်လေးကတော့ ပန်းပဲမောင်တင့်တယ်ရဲ့ ပန်းပဲဖို ဆိုတဲ့ သတင်းရုပ်သံဖိုင်လေးပဲ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်ထဲက နတ်မီးတောက်ရွာက ၁၂ ရာသီးမီးမသေတဲ့ ပန်းပဲမောင်တင့်တယ်ရဲ့ ပန်းပဲဖို (သို့) နတ်မီးတောက် ဆိုရင် သိတဲ့သူတိုင်း သိသလို နတ်ကိုးကွယ်သူများလည်း သွားရောက်လေ့ရှိကြတဲ့ နေရာဖြစ်ပါတယ်..။

ဒီဒေသခံတွေနဲ့ နတ်ကိုးကွယ်သူတွေကတော့.. ဒီတောင်က ထွက်နေတဲ့ မီးတောက်တွေဟာ ပန်းပဲမောင်တင့်တယ်ရဲ့ ပန်းပဲဖို ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်..

ခေတ်မီသိပ္ပံပညာရပ်အရဖြင့်တော့ ဒီတောင်အောက်မှာ ဓာတ်ငွေ့ကြော တစ်ခု ရှိနေပုံရပါတယ်..။ ဒီကနေ ဓာတ်ငွေ့တွေလျှံထွက်ပြီး ကမ္ဘာ့လေထုနဲ့ထိတွေ့ပွတ်တိုက်လို့ အဆက်မပြတ်လောင်မြိုက်နေတာဖြစ်နိုင်ပါတယ်။

ဒါပေမယ့် နတ်ကိုးကွယ်ယုံကြည်သူတွေရဲ့ ယုံကြည်မှုကို ပုတ်ခတ်တာမျိုး ၊ သရော်တာမျိုး မလုပ်သင့်ပါဘူး။

ပန်းပဲမောင်တင့်တယ်ရဲ့ ပန်းပဲဖို ပဲဖြစ်ဖြစ်၊ သဘာဝ ဓာတ်ငွေ့ကြောက မီးတောက်ပဲ ဖြစ်ဖြစ် ဒါဟာ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ဆန်းကြယ် တစ်ခုပဲ မဟုတ်ပါလား..

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT ( Shwe Yaung Lan )