ဆံ ပင်ရှည်ရှည် အရပ်မြင့်မြင့်နဲ့ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံသာမက အာရှနိုင်ငံများအထိပါ ရေပန်းစားနေတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်ပါတယ်နော်။ သူဟာဆိုရင် အနေအေးပြီးပရိသတ်ကိုလည်း အရိုအသေပေးတတ်သူဖြစ်တာကြောင့် ပရိသတ်က သဘောခွေ့နေတဲ့ မော်ဒယ်သရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။

သူကတော့ လက်ရှိမှာ ကြေငြာလုပ်ငန်းနဲ့ ပွဲတက်တွေကို မြန်မာနိုင်ငံမှာ တင်မကပဲ အာရှနိုင်ငံများဖြစ်တဲ့ ယိုးဒယား ၊ ကမ္ဘောဒီးယား နိုင်ငံများအထိပါ ပေါက်ရောက်သူဖြစ်ပါတယ်။ ၂၀၂၀ မှာတော့ ပျိုမေတို့ချစ်တဲ့ ပိုင်တံခွန်ကို သရုပ်ဆောင် မင်းသားအဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာ ဇာတ်ကား ၄ ကားကို စာချုပ် ချုပ်ထားတယ်လို့ သိရပါတယ်။ ပြီးတော့ ဒီ ၄ ကားမှာ ပြည်ပ နဲ့ နှစ်ကားချုပ်ထားတယ်လို့သိရပါတယ်။

အခုတလော လူမှုကွန်ရက်မှာလည်း ပိုင်တံခွန်နဲ့ တူတဲ့ ကောင်လေးတစ်ယောက် ရှိနေတယ်လို့ လူမှုကွန်ရက်အသုံးပြုသူတွေက ပြောဆိုမှုတွေများလာပါတယ်။ တူတယ်လို့ အပြောခံနေရသူ ကလေးဟာလည်း ပိုင်တံခွန်လို ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်နဲ့ ကိုယ်လုံးကိုယ်ထည်ပါ တူညီလောက်တယ်လို့ထင်ရပါတယ်။

ပရိသတ်ကြီး အနေနဲ့လည်း ဒီကောင်လေးက ပိုင်တံခွန်နဲ့ တူလား ၊ မတူဘူးဆိုရင်လည်း ဘယ်နား မတူတာလဲဆိုတာကို ဝေဖန်ပေးပါဦးနော်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)