အင် အားကြီးနိုင်ငံ နှစ်ခုရဲ့ အကြားမှာ ရှိတဲ့ မြန်မာနိုင်ငံဟာဆိုရင် ခေတ်စနစ်တွေပြောင်းလဲလာမှုနဲ့အတူတဖက်နိုင်ငံရဲ့ လွှမ်းမိုးနယ်ချဲ့မှုဟာလည်း တဖြေးဖြေး တိုးပွားလာနေပါတယ်။ အထူးသဖြင့် လူဦးရေ အဆမတန်များပြားလှပြီးတော့ ကမ္ဘာ့ စူပါပါဝါကို ပိုင်ဆိုင်နိုင်ပြီဖြစ်တဲ့ တရုတ်ပြည်နဲ့ နယ်နမိတ် ထိစပ်နေတာကြောင့် မြန်မာနိုင်ငံဟာလည်း တရုတ်နိုင်ငံသားများ ခိုဝင်ရာ ၊ တရားဝင်ရော တရားမဝင်တွေပါ များပြားလှပါတယ်။ ဒါ့အပြင် စီးပွားရေးသမားတွေကလည်း နယ်မြေကျယ်ဝန်းပြီး မညီညွတ်လှတဲ့ မြန်မာနိုင်ငံကို မျက်စိကျနေကြပါတယ်။

မြန်မာနိုင်ငံထဲက တန်ဖိုးကြီး သယံဇာတတွေကို လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ မျိုးစုံ ခိုးထုတ်နေကြတာလည်း အားလုံး အသိပါပဲ။ ဒါကတော့ တရားမဝင် အပိုင်းကေပေါ့။ တရားဝင် အပိုင်းကနေပြီးတော့လည်းမြန်မာနိုင်ငံမှာ အနှိပ်ခန်းတွေ ၊ ဇိမ်ခန်းတွေ၊ KTV တွေ ကိုလည်း ဝင်ရောက်လုပ်ကိုင်လာကြပါတယ်။ အထူးသဖြင့် လားရှိုး မန်းတလေးလို နေရာတွေကတော့ တရုတ်တွေ အင်အားတော်တော်များများ ရှိလာကြပါတယ်။

သူတို့ဟာ သူတို့ရဲ့ တရုတ်ယဉ်ကျေးမှုကို ထိန်းသိမ်းရုံ မဟုတ်တော့ပဲနဲ့ မြန်မာစာတွေ နေရာမှာ တရုတ်စာတွေအစားထိုးလာတာမျိုး ၊ ဆိုင်းဘုတ်တွေကို တရုတ်လို ပေါ်ပေါ်တင်တင် တပ်လာတာမျိုး ၊ စတာတွေကိုလည်း အားလုံး သိကြမှာပါ။ အခုတော့ အဲ့လိုမျိုးကို ရန်ကုန်တိုင်းအစိုးရက ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ အားလုံးမြန်မာလို သို့မဟုတ် အင်္ဂလိပ် လို ဆိုင်းဘုတ် ၊ ကြေငြာဘုတ်တွေသာထားရမယ်လို့ ညွှန်ကြားလာတယ်လို့ သိရပါတယ်။ အထူးသဖြင့် လှိုင်သာယာမြို့နယ်တွေမှာ တရုတ်စာနဲ့တင်ထားတဲ့ဆိုင်းဘုတ်တွေ တော်တော်များများ ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ အခုလိုမျိုး ဆိုင်းဘုတ်တွေက မြန်မာစာ သို့မဟုတ် အင်္ဂလိပ်စာ လုပ်ရမယ်ဆိုတာမျိုးကိုတော့ မန္တလေးတိုင်းအစိုးရကတော့ ညွှန်ကြားထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Writer- SMT(Shwe Yaung Lan)