၁၉ ရက်ကြာ အ ဆက်အသွယ်မရပဲ ပျောက်ဆုံးနေခဲ့ ဒေါက်တာ အေးဇော်ထွန်းတို့ သား အဖကို အတ္ထရံမြစ်ထဲမှာ ပျောက်ဆုံးသွားတဲ့ ကားနဲ့အတူ ပြန်တွေ့ခဲ့တယ် အားလုံးဖတ်ပြီးလောက်ပါပြီ။ ဒီလို အဖြစ်ဆိုးမျိုးကို ကြုံဆုံလိုက်ရတဲ့ သားအဖ အတွက်လည်း မိသားစုနဲ့အတူ တစ်နိုင်ငံလုံးက စုတ်တစ်သပ်သပ် နဲ့ ဝမ်းနည်းစိတ်မကောင်းဖြစ်ကြရပါတယ်။

ဒေါက် တာ အေးဇော်ထွန်းဟာဆိုရင် ငယ်စဉ်ကတည်းက ဘယ်ဗေဒင်ဆရာကတွက်ချက်ပါ စေ ရေမှာ သေရမည့်သူလို့ အဟော ရှိတာကြောင့် အမှတ်ကောင်းပြီး ရေကျောင်းတက္ကသိုလ် တက်လိုေ ပမယ့်ေ ဆးတက္ကသိုလ်သာ တက်ခဲ့ရတယ်လို့ သိရပါတယ်။ အခုတော့ ဗေဒင်အဟောဟာ မှန်ခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါ တယ်။

ဒါ့အပြင် ဒေါက်တာ အေးဇော်ထွန်း ပျောက်ဆုံးနေခဲ့တဲ့ ၁၉ ရက်အတွင်းမှာ မိသားစုဟာ နည်းလမ်းမျိုးစုံနဲ့ရှာဖွေခဲ့ကြသလို ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုပါ သတင်းပို့ပြီး ရှာဖွေခဲ့ကြပေမယ့် မတွေ့ခဲ့ပဲရှိနေခဲ့ပါတယ်။ ဒါကြောင့် သိပ္ပံနည်းအရ ယုံဖို့ခက်တဲ့ နာမည်ကြီး ဆရာတော် တစ်ပါးကို သွားရောက် မေးမြန်းခဲ့ချိန်မှာတော့ ဒကာကြီး ဒေါက်တာ အေးဇော်ထွန်းဟာ လူ့ပြည်မှာ အသက်ရှင်လျှက် မရှိတော့ဘူးလို့ ဟောပြောခဲ့တာကြောင့် ကျန်ရစ်သူ မိသားစုက ၂၂ ရက်နေ့မှာကတည်းက သက်ပျောက်ဆွမ်းကပ်ခဲ့ပြီး ကုသိုလ်ပြုပေးခဲ့ပါတယ်။

ဒေါက်တာ အေးဇော်ထွန်းရဲ့ ကားနဲ့ DB ကို ရှာဖွေ တွေ့ရှိခဲ့ချိန်မှာလည်း ကရိန်းနဲ့ မယူဖို့ကြိုးစားပေမယ့် ကနဦးမှာ ကရိန်းက မ မရ ဖြစ်နေတာကြောင့် သေချာ ပွဲပေးပြီး မတဲ့အခါမှပဲ ရခဲ့တယ်လို့ ကူညီဆယ်တင်ရေးမှာ ပါဝင်ခဲ့သူ တစ်ဦးက အသိပေးပြောပြပါတယ်။ ဒါကြောင့် သိပ္ပံနည်းကျအရတော့ ယုံကြည်ဖို့ ခဲရင်းပေးမယ့်တစ်ချို့ အရာတွေကတော့ မယုံလို့ မရတဲ့ အခြေအနေတွေပါပဲနော်။

Writer – SMT( Shwe Yaung Lan)