


From Zin Moe

Unicode

မုဒုံမြို့နယ်အတွင်း ယနေ့ဖြစ်ပွားခဲ့သော အဆိုးရွာဆုံး ယာဉ်တိုက်မှု ဖြစ်စဉ်၌ သေဆုံးသူဒဏ်ရာရသူများ၏ ရွှေထည်ပစ္စည်း ၊ငွေကြေးများ နှင့် ဖုန်းများအား မြို့နယ်ရဲတပ်ဖွဲ့မှတစ်ဆင့် မိသားစုများထံအပ်နှံ

၂၆.၁၂.၂၀၁၉ ရက်နေ့နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သော ၂၀၁၉ ခုနှစ် အတွင်းအဆိုးရွာဆုံးယာဉ်တိုက်မှုဖြစ်စဉ်၌ သေဆုံးသူ ၁၀ ဦး အသက်ရှင်ကျန်ရစ်သူ ၅ဦး ပေါင်း ၁၅ ဦးတို့၏ ရွှေထည်ပစ္စည်းများ ငွေကြေးများ၊ သက်သေခံလက်မှတ်များ ဖုန်းများအား မုဒုံအရေးပေါ်လူနာတင်ယာဉ်ကွန်ယက်အဖွဲ့များနှင့်မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်ထံစနစ်တကျအပ်နှံခဲ့ပြီး ရဲတပ်ဖွဲ့မှတစ်ဆင့် ဒဏ်ရာရသူ/ သေဆုံးသူ မိသားစုများထံ စနစ်တကျပြန်လည်အပ်နှံပေးခဲ့ပါသည်။

မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့

From Zin Moe