ဇာ ဇာထက်ကတော့ အရမ်းမိုက်တဲ့ မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ဇာဇာထက်က ပြီးခဲ့တဲ့ ရက် အနည်းငယ်လောက်ကတည်း က သူရဲ့ ချစ်သူဖြစ်တဲ့ နေလင်းကျော်နဲ့ ပတ်သက်ပြီး ခံစားနေရတဲ့ သူရဲ့ ခံစားချက်တွေကို လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်နေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဇာ ဇာထက်နဲ့ နေလင်းကျော်တို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း (၄)နှစ်ကျော် (၅)နှစ်နီးပါးအထိလက်တွဲလာတဲ့ စုံတွဲလေးတစ်တွဲဖြစ်ပြီး မကြာသေးမီအချိန်ကတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကချစ်သူတွေမဟုတ်တော့ပါဘူးလို့ နေလင်းကျော်ဘက်ကနေ အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။အဲ့လိုဖြေကြားခဲ့ပြီးနောက်မှာတော့ ဇာဇာထက်က သူတို့ နှစ်ယောက်ကြားမှာ လူတွေမသိသေးတဲ့ အကြောင်းအရာတွေ အများကြီးရှိတာကြောင့် မသိဘဲနဲ့ မဝေဖန်ကြပါနဲ့လို့ပြောပါရစေ ဆိုပြီးတော့ လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်တုံပြန်ခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း ဇာဇာထက်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “SNLK is my husband.We’re already married last three years ago.i can’t give answer anybody & interview”ဆိုပြီး လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက လက်ထပ်ထားခဲ့တဲ့ အကြောင်းနဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းတာမျိုးတွေကို ဖြေကြားဖို့မရှိကြောင်းကို ဖော်ပြလာခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးတွေအတွက် ဒီသတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Zar Htet
Chilli – CeleGabar