ည ဘက္ဆိုေတာ့ ၾကက္သီးထခ်င္စရာ…တံခါးမႀကီးကလည္း ဂ်က္ထိုးလို႔မရတဲ့ ေတာင္တန္းေပၚက ပထမည

ေတာင္တန္းေပၚက ပထမည / First Night on the Mountain

အပုံျမင္ၿပီးေတာ့ လန္႔မသြားနဲ႔ဦး။ ကိုယ့္ျပႆနာကို ၾကဳံသလို ေျဖ႐ွင္းထားရတာ။ အျဖစ္အပ်က္က ဒီလိုဗ်

ဒီေန႔ ေန႔လည္ ဆြမ္းစားအမီေလာက္ သာသနာျပဳရာ ဌာနကို ေရာက္တယ္။ အထုပ္အပိုးေတြ ေန႔လည္ ႏွစ္နာရီေလာက္မွာ စုံတယ္။ေရာက္ေရာက္ခ်င္း ရြာထဲက ဒကာႀကီးႏွစ္ေယာက္၊ ေက်ာင္းဆရာမေလးတို႔ ဇနီးေမာင္ႏွံ၊ ဒကာမႀကီးတစ္ေယာက္အျပင္ ကေလးေလးေတြ ႏွစ္ေယာက္ေလာက္ ေက်ာင္းေရာက္လာၾကတယ္။

အေမတို႔ ဆယ္ေယာက္အဖြဲ႔ကို ရြာထဲက ဒကာဒကာမေတြက ထမင္းဟင္းေတြနဲ႔ ဧည့္ခံေကြၽးေမြးၾကတယ္။ သုံးနာရီေလာက္မွာ လိုက္ပို႔တဲ့ အေမတို႔ ျပန္သြားၾကတယ္။ညေန ေလးနာရီေလာက္မွာ ဒကာႏွစ္ေယာက္နဲ႔ ကေလးႏွစ္ေယာက္ ဝါးလုံးေတြ ဆြဲလာၿပီး အေပါက္ျဖစ္ေနတဲ့ ေက်ာင္းျခံစည္း႐ိုးကို ပိတ္ၾကတယ္။

ေက်ာင္းဝိုင္းထဲ စိုက္ထားတဲ့ တစ္ေတာင္ခန္႔ ပိႏၷဲပင္ေလးေတြေတာ့ အရြက္ေတြ ကင္းမဲ့ၿပီး ကိုယ္လုံးတည္း။ ျခံစည္း႐ိုးအေပါက္ကေန ကြၽဲေတြ ဝင္ၿပီး စားသြားသတဲ့။ညေန ေလးနာရီခြဲေလာက္မွာ ဒကာႀကီးက ေရေႏြးႀကိဳၿပီး ဓာတ္ဘူးႀကီးႏွစ္လုံးကို အျပည့္ျဖည့္ေပးခဲ့တယ္။ “ဆရာေတာ္ ေအးေဆးေနာ္။ တစ္ပါးတည္း က်ိန္းရဲတယ္မလား” တဲ့။

ဦးဇင္းကလည္း “က်န္တာ စမ္းခ်င္စမ္း၊ သတၱိကိုေတာ့ လာမစမ္းနဲ႔” လို႔ စိတ္ထဲကေန ေတြးလိုက္ၿပီး “ဟာဒကာႀကီး ေအးေဆး။ ဒကာႀကီးတို႔ အိမ္မွာ လုပ္စရာ႐ွိတာေတြ လုပ္ၾက။ ဦးဇင္းအတြက္ ဘာမွစိတ္မပူနဲ႔”လို႔ ခပ္တည္တည္ ေျပာလိုက္တယ္။ညေန ေျခာက္နာရီနား နီးလာေတာ့ တစတစ ေမွာင္လာၿပီ။ ရြာနဲ႔ေက်ာင္းနဲ႔က နီးတယ္လည္း မဆိုသာ၊ သိပ္အေဝးႀကီးလည္း မဟုတ္။

ၾကားမွာ အင္ၾကင္းေတာေလး ခံေနတယ္။ ေက်ာင္းအေ႐ွ႕ဘက္မွာ အင္ၾကင္း၊ ကြၽန္း၊ ဝါးပင္ေတြ ထူထပ္စြာ ေပါက္ေနတဲ့ သစ္ေတာ အုံ႔အုံ႔မိႈင္းမိႈင္းႀကီး ႐ွိတယ္။ ေတာင္ဘက္မွာေတာ့ အသူရာနက္တဲ့ ေခ်ာက္ကမ္းပါးယံႀကီး။ ေက်ာင္းအေနာက္ဘက္ထဲမွာ တေဝါေဝါ စီးဆင္းေနတဲ့ မုန္းေခ်ာင္းႀကီး႐ွိသလို ေခ်ာင္းအေနာက္ဘက္မွာေတာ့ ခ်င္းေတာင္တန္း စိုင္းစိုင္းညိဳ႕ညိဳ႕ႀကီးက ညဘက္ဆိုေတာ့ ၾကက္သီးထခ်င္စရာ။

သိမ္ေက်ာင္းေလးထဲမွာ သီတင္းသုံးတာဆိုေတာ့ ေမွာင္စပ်ိဳးလာနဲ႔ တၿပိဳင္နက္ တံခါးေတြ လိုက္ပိတ္တယ္။ ခက္တာက ျပတင္းတံခါး ခုနစ္ေပါက္မွာ သုံးေပါက္ပဲ ဂ်က္ထိုးလို႔ ရတယ္။ အဓိကဝင္ေပါက္ တံခါးမႀကီးကလည္း ဂ်က္ထိုးလို႔ မရ။ ပထမဆုံးညလည္း ျဖစ္ျပန္၊ သစ္ေတာႀကီးထဲမွာလည္း ျဖစ္ျပန္၊ ရြာနဲ႔ကလည္း မနီးမေဝးဆိုေတာ့ ေက်ာက တျဖည္းျဖည္း စိမ့္လာတယ္။

ပါလာတဲ့ စာအုပ္ေတြကို စာအုပ္စင္ေလးေပၚ တင္ေနတုန္း စာအုပ္တစ္အုပ္က ျဗဳန္းခနဲ ျပဳတ္က်၊ လူမွာလည္း ဖ်န္းခနဲ ၾကက္သီးေမြးညင္းေတြ ထ။ေၾကာက္စိတ္က တျဖည္းျဖည္း အ႐ွိန္တက္လာၿပီ။ ေက်ာင္းေခါင္းရင္း အေ႐ွ႕အင္ေတာႀကီးထဲက ပုရစ္သံ၊ ညငွက္တို္ေအာ္သံေတြကလည္း စီစီညံ။ နံရံကပ္နာရီရဲ႕ တေခ်ာက္ေခ်ာက္ ေရြ႕လ်ားေနတဲ့ စကၠန္႔သံတို႔က သရဲတစ္ေကာင္၏ ေျခသံစိမ္းစိမ္းေတြ အလား။

စိမ့္စမ္းေရေတြ သြယ္ယူထားတဲ့ ယာယီ တာလပတ္အုတ္ကန္ေလးထဲကို ေရက်သံေတြကလည္း တပိုးပိုး တေပါက္ေပါက္။ခုနစ္နာရီေက်ာ္လာေတာ့ ပိုပို တိတ္ဆိတ္လာတယ္။ အေရးထဲ ျပတင္းတံခါးက ေသခ်ာမပိတ္မိလုိ႔ ေဂ်ာင္းခနဲ ျပန္က်သြားေသးတယ္။ ကပ်ာကယာ ေနာက္ျပန္လွည့္၊ ဓာတ္မီးနဲ႔ထိုး။ တံခါးေလးက သူ႔အတိုင္း။ ပုံမွန္မပ်က္ေတာ့ စိတ္မွာ ပိုေခ်ာက္ခ်ားလာ။

ဒီလိုနဲ႔ ဘုရားေဘးနား ႐ို႐ိုေသေသေလး ထိုင္ကာ ရသမွ် ဂါထာေတြ၊ ပရိတ္ေတြ ရြတ္ဖတ္ၿပီး အရပ္ဆယ္မ်က္ႏွာကို ေမတၱာပို႔လိုက္တယ္။ နည္းနည္းေတာ့ ရင္ထဲ ၿငိမ္းခ်မ္းသြားသလို ခံစားမိသြားတယ္။ခဏၾကာေတာ့ ဦးေတေဇာသာရရဲ႕ တရားတစ္ပုဒ္ကို အသံက်ယ္က်ယ္ေလး ဖြင့္ၿပီး နာယူေနလိုက္တယ္။

ေၾကာက္စိတ္ဝင္ေနပါတယ္ဆိုမွ ဖုန္းထဲက ဖြင့္ထားတဲ့ တရားသံကေတာင္ စီဒီေခြေတြ ထစ္သလို ထစ္ထစ္ေနေသး။ လန္႔စရာမ႐ွိ လန္႔စရာ႐ွာၿပီး တရားထစ္တာေတာင္ လန္႔ေနမိျပန္တယ္။ည ကိုးနာရီေက်ာ္လာၿပီ။ ဒကာႀကီး က်ိဳေပးခဲ့တဲ့ ေရေႏြးေတြလည္း မ်ားမ်ား မေသာက္ရဲဘူး။ ညႀကီးအခ်ိန္အေတာ္ အေပါ့အပါး သြားေနရရင္ ဒုကၡ။ ဒီခ်ိန္အထိ ကုတင္ေပၚ မထိုင္နိုင္ေသး။

ကုလားထိုင္ေလးမွာ ထိုင္ရင္း လက္ထဲက ဓာတ္မီးနဲ႔ တံခါးမႀကီးဆီ ခဏခဏ ထိုးၾကည့္ေနမိတယ္။ မင္းတုန္းက ႐ွိပါလ်က္ အေပါက္နဲ႔ မတည့္ေတာ့ ဘယ္လိုမွ အဆင္မေျပ။ ဒီလိုသာဆိုရင္​ တစ္ညလုံး ဘယ္လိုအိပ္ရပါ့။ အခ်ိန္မတိ အခ်ိန္မေတာ္ ရြာထဲက ဒကာႀကီးကို လွမ္းေခၚျပန္ရင္လည္း သတၱိနည္းရာ က်ဦးမယ္။

ေတြးရင္းေတြးရင္း အၾကံရလာတယ္။ တံခါးမႀကီးရဲ႕ လက္ကိုင္ကြင္းႏွစ္ခုထဲကို တုတ္႐ွည္႐ွည္ ထိုးထားရင္ေတာ့ ရမယ္။ လိုက္႐ွာၾကည့္ေတာ့ တုတ္က မေတြ႔။ ဓားတစ္ေခ်ာင္း ေတြ႔တာနဲ႔ မ႐ွိ႐ွိတာ ကန္႔လန္႔ထိုးထားလိုက္တယ္။နည္းနည္းေတာ့ စိတ္ေအးသြားတယ္။ ႏွင္းေတြက်တာေၾကာင့္ ျဖစ္မယ္။

သြပ္ေပၚမွ စီးႏွင္းေတြက တေဖ်ာက္ေဖ်ာက္။ ဒီလိုပဲ ကြၽန္ေတာ့္စိတ္ေတြလည္း တေခ်ာက္ေခ်ာက္။ဒီတစ္ညေတာ့ မိုးအျမန္လင္းပါေစလို႔ ဆုေတာင္းရင္းနဲ႔ပဲ နံနက္ေျခာက္နာရီဟာ ထိုးမွန္းမသိ ထိုးခဲ့ပါေတာ့တယ္။ေမာင္ေခမိန္(မေကြး) / ၂၃၊ ၁၂၊ ၂၀၁၉

(မွတ္ခ်က္။ ။ မိမိ၏ သာျပဳဌာနတြင္ လိုင္းမမိ၍ ကန္ပက္လက္ၿမိဳ႕ေပၚသို႔ ေရာက္ခိုက္ ယခုမွသာ တင္ရျခင္း ျဖစ္သည္။)

Credit to Orginal Uploder

Unicode

ညဘက်ဆိုတော့ ကြက်သီးထချင်စရာ…တံခါးမကြီးကလည်း ဂျက်ထိုးလို့မရတဲ့ တောင်တန်းပေါ်က ပထမည

တောင်တန်းပေါ်က ပထမည / First Night on the Mountain

အပုံမြင်ပြီးတော့ လန့်မသွားနဲ့ဦး။ ကိုယ့်ပြဿနာကို ကြုံသလို ဖြေရှင်းထားရတာ။ အဖြစ်အပျက်က ဒီလိုဗျ

ဒီနေ့ နေ့လည် ဆွမ်းစားအမီလောက် သာသနာပြုရာ ဌာနကို ရောက်တယ်။ အထုပ်အပိုးတွေ နေ့လည် နှစ်နာရီလောက်မှာ စုံတယ်။ရောက်ရောက်ချင်း ရွာထဲက ဒကာကြီးနှစ်ယောက်၊ ကျောင်းဆရာမလေးတို့ ဇနီးမောင်နှံ၊ ဒကာမကြီးတစ်ယောက်အပြင် ကလေးလေးတွေ နှစ်ယောက်လောက် ကျောင်းရောက်လာကြတယ်။

အမေတို့ ဆယ်ယောက်အဖွဲ့ကို ရွာထဲက ဒကာဒကာမတွေက ထမင်းဟင်းတွေနဲ့ ဧည့်ခံကျွေးမွေးကြတယ်။ သုံးနာရီလောက်မှာ လိုက်ပို့တဲ့ အမေတို့ ပြန်သွားကြတယ်။ညနေ လေးနာရီလောက်မှာ ဒကာနှစ်ယောက်နဲ့ ကလေးနှစ်ယောက် ဝါးလုံးတွေ ဆွဲလာပြီး အပေါက်ဖြစ်နေတဲ့ ကျောင်းခြံစည်းရိုးကို ပိတ်ကြတယ်။

ကျောင်းဝိုင်းထဲ စိုက်ထားတဲ့ တစ်တောင်ခန့် ပိန္နဲပင်လေးတွေတော့ အရွက်တွေ ကင်းမဲ့ပြီး ကိုယ်လုံးတည်း။ ခြံစည်းရိုးအပေါက်ကနေ ကျွဲတွေ ဝင်ပြီး စားသွားသတဲ့။ညနေ လေးနာရီခွဲလောက်မှာ ဒကာကြီးက ရေနွေးကြိုပြီး ဓာတ်ဘူးကြီးနှစ်လုံးကို အပြည့်ဖြည့်ပေးခဲ့တယ်။ “ဆရာတော် အေးဆေးနော်။ တစ်ပါးတည်း ကျိန်းရဲတယ်မလား” တဲ့။

ဦးဇင်းကလည်း “ကျန်တာ စမ်းချင်စမ်း၊ သတ္တိကိုတော့ လာမစမ်းနဲ့” လို့ စိတ်ထဲကနေ တွေးလိုက်ပြီး “ဟာဒကာကြီး အေးဆေး။ ဒကာကြီးတို့ အိမ်မှာ လုပ်စရာရှိတာတွေ လုပ်ကြ။ ဦးဇင်းအတွက် ဘာမှစိတ်မပူနဲ့”လို့ ခပ်တည်တည် ပြောလိုက်တယ်။ညနေ ခြောက်နာရီနား နီးလာတော့ တစတစ မှောင်လာပြီ။ ရွာနဲ့ကျောင်းနဲ့က နီးတယ်လည်း မဆိုသာ၊ သိပ်အဝေးကြီးလည်း မဟုတ်။

ကြားမှာ အင်ကြင်းတောလေး ခံနေတယ်။ ကျောင်းအရှေ့ဘက်မှာ အင်ကြင်း၊ ကျွန်း၊ ဝါးပင်တွေ ထူထပ်စွာ ပေါက်နေတဲ့ သစ်တော အုံ့အုံ့မှိုင်းမှိုင်းကြီး ရှိတယ်။ တောင်ဘက်မှာတော့ အသူရာနက်တဲ့ ချောက်ကမ်းပါးယံကြီး။ ကျောင်းအနောက်ဘက်ထဲမှာ တဝေါဝေါ စီးဆင်းနေတဲ့ မုန်းချောင်းကြီးရှိသလို ချောင်းအနောက်ဘက်မှာတော့ ချင်းတောင်တန်း စိုင်းစိုင်းညို့ညို့ကြီးက ညဘက်ဆိုတော့ ကြက်သီးထချင်စရာ။

သိမ်ကျောင်းလေးထဲမှာ သီတင်းသုံးတာဆိုတော့ မှောင်စပျိုးလာနဲ့ တပြိုင်နက် တံခါးတွေ လိုက်ပိတ်တယ်။ ခက်တာက ပြတင်းတံခါး ခုနစ်ပေါက်မှာ သုံးပေါက်ပဲ ဂျက်ထိုးလို့ ရတယ်။ အဓိကဝင်ပေါက် တံခါးမကြီးကလည်း ဂျက်ထိုးလို့ မရ။ ပထမဆုံးညလည်း ဖြစ်ပြန်၊ သစ်တောကြီးထဲမှာလည်း ဖြစ်ပြန်၊ ရွာနဲ့ကလည်း မနီးမဝေးဆိုတော့ ကျောက တဖြည်းဖြည်း စိမ့်လာတယ်။

ပါလာတဲ့ စာအုပ်တွေကို စာအုပ်စင်လေးပေါ် တင်နေတုန်း စာအုပ်တစ်အုပ်က ဗြုန်းခနဲ ပြုတ်ကျ၊ လူမှာလည်း ဖျန်းခနဲ ကြက်သီးမွေးညင်းတွေ ထ။ကြောက်စိတ်က တဖြည်းဖြည်း အရှိန်တက်လာပြီ။ ကျောင်းခေါင်းရင်း အရှေ့အင်တောကြီးထဲက ပုရစ်သံ၊ ညငှက်တို်အော်သံတွေကလည်း စီစီညံ။ နံရံကပ်နာရီရဲ့ တချောက်ချောက် ရွေ့လျားနေတဲ့ စက္ကန့်သံတို့က သရဲတစ်ကောင်၏ ခြေသံစိမ်းစိမ်းတွေ အလား။

စိမ့်စမ်းရေတွေ သွယ်ယူထားတဲ့ ယာယီ တာလပတ်အုတ်ကန်လေးထဲကို ရေကျသံတွေကလည်း တပိုးပိုး တပေါက်ပေါက်။ခုနစ်နာရီကျော်လာတော့ ပိုပို တိတ်ဆိတ်လာတယ်။ အရေးထဲ ပြတင်းတံခါးက သေချာမပိတ်မိလို့ ဂျောင်းခနဲ ပြန်ကျသွားသေးတယ်။ ကပျာကယာ နောက်ပြန်လှည့်၊ ဓာတ်မီးနဲ့ထိုး။ တံခါးလေးက သူ့အတိုင်း။ ပုံမှန်မပျက်တော့ စိတ်မှာ ပိုချောက်ချားလာ။

ဒီလိုနဲ့ ဘုရားဘေးနား ရိုရိုသေသေလေး ထိုင်ကာ ရသမျှ ဂါထာတွေ၊ ပရိတ်တွေ ရွတ်ဖတ်ပြီး အရပ်ဆယ်မျက်နှာကို မေတ္တာပို့လိုက်တယ်။ နည်းနည်းတော့ ရင်ထဲ ငြိမ်းချမ်းသွားသလို ခံစားမိသွားတယ်။ခဏကြာတော့ ဦးတေဇောသာရရဲ့ တရားတစ်ပုဒ်ကို အသံကျယ်ကျယ်လေး ဖွင့်ပြီး နာယူနေလိုက်တယ်။

ကြောက်စိတ်ဝင်နေပါတယ်ဆိုမှ ဖုန်းထဲက ဖွင့်ထားတဲ့ တရားသံကတောင် စီဒီခွေတွေ ထစ်သလို ထစ်ထစ်နေသေး။ လန့်စရာမရှိ လန့်စရာရှာပြီး တရားထစ်တာတောင် လန့်နေမိပြန်တယ်။ည ကိုးနာရီကျော်လာပြီ။ ဒကာကြီး ကျိုပေးခဲ့တဲ့ ရေနွေးတွေလည်း များများ မသောက်ရဲဘူး။ ညကြီးအချိန်အတော် အပေါ့အပါး သွားနေရရင် ဒုက္ခ။ ဒီချိန်အထိ ကုတင်ပေါ် မထိုင်နိုင်သေး။

ကုလားထိုင်လေးမှာ ထိုင်ရင်း လက်ထဲက ဓာတ်မီးနဲ့ တံခါးမကြီးဆီ ခဏခဏ ထိုးကြည့်နေမိတယ်။ မင်းတုန်းက ရှိပါလျက် အပေါက်နဲ့ မတည့်တော့ ဘယ်လိုမှ အဆင်မပြေ။ ဒီလိုသာဆိုရင်​ တစ်ညလုံး ဘယ်လိုအိပ်ရပါ့။ အချိန်မတိ အချိန်မတော် ရွာထဲက ဒကာကြီးကို လှမ်းခေါ်ပြန်ရင်လည်း သတ္တိနည်းရာ ကျဦးမယ်။

တွေးရင်းတွေးရင်း အကြံရလာတယ်။ တံခါးမကြီးရဲ့ လက်ကိုင်ကွင်းနှစ်ခုထဲကို တုတ်ရှည်ရှည် ထိုးထားရင်တော့ ရမယ်။ လိုက်ရှာကြည့်တော့ တုတ်က မတွေ့။ ဓားတစ်ချောင်း တွေ့တာနဲ့ မရှိရှိတာ ကန့်လန့်ထိုးထားလိုက်တယ်။နည်းနည်းတော့ စိတ်အေးသွားတယ်။ နှင်းတွေကျတာကြောင့် ဖြစ်မယ်။

သွပ်ပေါ်မှ စီးနှင်းတွေက တဖျောက်ဖျောက်။ ဒီလိုပဲ ကျွန်တော့်စိတ်တွေလည်း တချောက်ချောက်။ဒီတစ်ညတော့ မိုးအမြန်လင်းပါစေလို့ ဆုတောင်းရင်းနဲ့ပဲ နံနက်ခြောက်နာရီဟာ ထိုးမှန်းမသိ ထိုးခဲ့ပါတော့တယ်။မောင်ခေမိန်(မကွေး) / ၂၃၊ ၁၂၊ ၂၀၁၉

(မှတ်ချက်။ ။ မိမိ၏ သာပြုဌာနတွင် လိုင်းမမိ၍ ကန်ပက်လက်မြို့ပေါ်သို့ ရောက်ခိုက် ယခုမှသာ တင်ရခြင်း ဖြစ်သည်။)

Credit to Orginal Uploder