မြန်မာ နိုင်ငံသားတွေ တော်တော်များများဟာ နိုင်ငံတကာ နဲ့ ရင်ဘောင်တန်းချင်ကြပေမယ့် အများစုဟာ အဆင်သ င့်မဖြစ်သေးကြပါဘူး။ အတ္တကြီးတာ ၊ ကိုယ်ထင်တာကို အမှန်လို့ထင်တာ ၊ လူအများရဲ့ဆန္ဒကိုအလေး ထား တတ်တာ ၊ Public Area တွေမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို စာသင်ကျောင်းကပင်မသင်ကြားပေးနိုင်တာကိုလည်း အားနည်းချက်အဖြစ်တွေ့ရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံမှာ နေရာလှလှလေးတွေ လည်ပတ်စရာလေးတွေရှိရင်ဘယ် တော့မှ မြန်မာနိုင်ငံသားတွေ သိလို့မဖြစ်ဘူးလို့တောင် ပြောကြရမလိုဖြစ်နေပါပြီ။ ရေပြာအိုင်ဆိုလည်းမြန်မာတွေအပျော်သွားပြီး အမှိုက်စွန့်ကြတယ် ။ ချင်းတောင် ဆိုလည်း ချင်းတောင်အထိသွားပြီး အမှိုက်ပစ်ကြတယ်။ မန္တလေးက ကြာကန်ဆိုလည်းသွားပြီး ဆင်းချိုးကြတာပဲ။ ဒါကြောင့် မြန်မာနိုင်ငံသား အများစုဟာ အခြေခံစိတ်ဓာတ်က လိုအပ်ချက်တွေများစွာရှိနေပါတယ်။

အခုလည်း တစ်နိုင်ငံလုံးမှာ ကျော်ကြားလှတဲ့ ပြင်ဦးလွင် ပန်းမျိုးစုံ ပြပွဲမှာဆိုရင်လူတွေ တော်တော်လာကြသလို ၊ အမှိုက်တွေလည်း တော်တော်လေး ပစ်ခဲ့ကြပါတယ်။ သန့်ရှင်းနေတဲ့ ပန်းခြံဟာ တမဟုတ်ချင်းမှာပဲ အမှိုက်ကန်ဖြစ်သွားတဲ့ အထိပါပဲ။ ကဲ ဘယ်လောက်တောင် ရုပ်ဆိုးလိုက်သလဲ ။ ဒါတွေကို တစ်ဦးချင်း တစ်ဖွဲ့ချင်း တစ်ယောက်ခြင်း အသိစိတ်ဓာတ်နဲ့ လုပ်ဆောင်ကြရမှာပါ။

ဒါကြောင့် ဘယ်သူပစ်ပစ် ကိုယ်မပစ်ကြပါနဲ့ ၊ အမှိုက်ကို အခုလို Public Area မှာ စည်းကမ်းမဲ့ စွန့်ပစ်သူတွေရှိရင်လည်း တားဆီးနိုင်ကြပါစေ ၊ တားဆီးခံရရင်လည်း လက်ခံပြီးတော့ အမှိုက်ပစ်တတ်သူများ ဖြစ်ကြပါစေ။

Writer- SMT(Shwe Yaung Lan)