ပြော မနာ ဆိုမနာ သူငယ်ချင်း သုံးဦးဖြစ်တဲ့ ညီထွဋ်ခေါင် ၊ ဆုမြတ်နိုးဦး နဲ့ ကျော်ကျော် တို့ သုံးယောက်ကတော့အမြဲတမ်း စနောက်နေတတ်သူများ ဖြစ်သလို ၊ ပျော်ပျော်နေတတ်တာကြောင့်လည်း ပရိသတ်က ချစ်ခင်အားပေးနေတဲ့ အနုပညာရှင်တွေလည်းဖြစ်ပါတယ်။ သူတို့သုံးဦးစဦးဟာ အနုပညာလောကမှာ အသီးသီးအောင်မြင်နေကြတဲ့ အနုပညာရှင်တွေလည်းဖြစ်ပါတယ်။

မကြာ ခဏ ဆိုသလို နောက်ပြောင်နေတတ်ကြတဲ့ သူငယ်ချင်း ၃ ဦးကတော့ ဗရမ်းပတာ BFF သူငယ်ချင်းတွေလို့လည်း အများက သိကြပါတယ်။ အခုလည်း တစ်ဦးတည်းသော သူငယ်ချင်းမလေးဖြစ်တဲ့ ဆုမြတ်နိုးဦးကိုစွာလွန်းတာကြောင့် ကြိုးနဲု့တုတ်ပြီး ကောင်းကောင်းလေး ပညာပေးလိုက်တယ်ဆိုပြီးတော့ ညီထွဋ်ခေါင်က စနောက်ထားပါတယ်။

သူရဲ့ ပုံလေးတွေနဲ့ “မိဆု နင်နောက်တစ်ခါ ငါ့ကိုပြန်စွာ ဦးမလားပြော” ဆိုပြီးတော့လည်း စနောက် ရေးသားထားပါတယ်။

သူတို့ ရဲ့ အခွိပုံလေးတွေကိုတော့ပရိသတ်ကြီးလည်း မြင်နိုင်အောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Writer- SMT(Shwe Yaung Lan)