စမိုင်းလ် ကတော့ တစ်ချိန်က အနပညာလောကမှာ နေရာအခိုင်အမာရရှိထားတဲ့ အနပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သူမကတော့ ယခုမှာ အနပညာအလုပ်တွေကနေ ရပ်နားနေပြီး မိသားစုကို အချိန်ပေးနေပါတယ်

အောင်မြင်ခဲ့တဲ့ အနပညာရှင်တစ်ယောက်ဖြစ်တဲ့ စမိုင်းကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ သူမတို့ ဇနီးမောင်နှံကတော့ ယခုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သွားရောက်ဝန်းရံနေပြီး နယ်သာလန်နိုင်ငံကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

သူမကတော့ ယခုမှာ နယ်သာလန်နိုင်ငံမှာ အမေစုကို သွားရောက်ဝန်းရံခဲ့ပြီး အပြုံးလေးတွေနဲ့ အိမ်ပြန်လာခဲ့ပါတယ်။ သူမကတော့ “အပြုံးလေးနဲ့အိမ်ပြန်နိုင်ခဲ့ပြီအမေ ” ဆိုပြီး ပုံရိပ်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စမိုင်းတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။