ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံပွဲလုပ်ဖို့ စီစဉ်နေလို့ အေအေက ဖမ်းဆီးထားတဲ့ ဘူးသီးတောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းဟာ တိုက်ပွဲအတွင်း လက်နက်ကြီး ကျည်ထိလို့ သေဆုံးသွားပြီး မြေမြှုပ်သဂြိုဟ်လိုက်ပြီဖြစ်လို့ မိသားစုကို ရုပ်အလောင်းပြန်လွှဲပေးဖို့မရှိဘူးလို့ ရခိုင့် အေအေပြောခွင့်ရ ခိုင်သုခက ဘီဘီစီကိုေပြောပါတဘီ

ဦးရဲသိန်း ကို ဘူဘူးသီးတောင်မြို့န အောက်တောင်ကျေးရွာအရှေ့ဘက် ၃ ကီလိုမီတာအကွာမှာရှိတဲ့ ပွိုင့် ၄၂၈ တောင်ကုန်းမှာ ဒီဇင်ဘာ ၁၁ ရက်တည်းက ထိန်းသိမ်းထားပြီး တပ်မတော်ဘက်က ဒီဇင်ဘာ ၂၂ ရက်တည်းက လက်နက်ကြီးတွေစပစ်နေတာဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ညနေ ၃နာရီကျော်မှာတော့ လက်နက်ကြီးထိမှန်တဲ့ဦးရဲသိန်းဟာ သေဆုံးသွားပြီး သူ့ကို စောင့်ကြပ်နေတဲ့ အေအေအဖွဲ့ဝင်တချို့ ဒဏ်ရာရခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

ဒီလို တပ်မတော်က လက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတယ်ဆိုရင် ထိန်းသိမ်းထားတဲ့ ဓားစားခံ တွေရဲ့ အသက်အန္တရာယ်အတွက် နေရာရွှေ့ပြောင်းပေးဖို့မလုပ်ခဲ့ဘူးလားလို့ ဘီဘီစီက မေးမြန်းတဲ့အခါ ခိုင်သုခက ဒီတောင်ကုန်းဟာ တော်တော်လေးကျယ်ဝန်းပြီး လုံခြုံတယ်လို့ ယူဆရတဲ့နေရာမှာ ထိန်းသိမ်း ထားတာ ဖြစ်တယ်၊ ဒါက မတော်တဆမှုတစ်ခုဖြစ်ပြီး စစ်မြေပြင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စလို့ပဲ တုံ့ပြန်ပါ တယ်။အခုလို အေအေက ဖမ်းဆီးထားတဲ့ ဦးရဲသိန်း တိုက်ပွဲအတွင်း သေဆုံးတယ်လို့ အေအေဘက်က ထုတ်ပြန် မှုအပေါ် လူ့အခွင့်အရေးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက အေအေကို ဝေဖန်ကန့်ကွက်နေပြီး ဓားစားခံ တွေကို ပြန်လွှတ်ဖို့ တောင်းဆိုမှုတွေလည်း ရှိလာနေပါတယ်။

လက်ရှိမှာ အေအေက ဖမ်းထားတဲ့ဓားစားခံတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်မှု တွေ လည်း ရှိလာနေပြီး အေအေဘက်ကတော့ တိုက်ပွဲအတွင်း တပ်က လက်နက်ကြီးတွေနဲ့ပစ်နေသမျှ ဓားစားခံတွေကို မတော်တဆထိမှန်မှုတွေရှိမှာပဲလို့ ဆိုပါတယ်။ဘီဘီစီမြန်မာပိုင်း/ဦးရဲသိန်းဖေ့စ်ဘွတ်ခ်