မော် လမြိုင်က ဒေါက်တာ အေးဇော်ထွန်းတို့ သားအဖ ၂ ယောက်ပါတဲ့ ကားကို အတ္တရံမြစ်ထဲကနေ ဆယ်ယူခဲ့တဲ့ အဖြစ်အပျက်ကို အားလုံး သိပြီးဖြစ်မှာပါ။ ဒါပေမယ့် ဒေါက်တာအေးဇော်ထွန်းရဲ့ သဘာဝလွန် ဖြစ်ရပ်တွေကိုတော့ လူတွေ သိပ်မသိကြသေးပါဘူး။ အဲဒီ အကြောင်းအရာများကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

(၁) ငယ် စဉ်က စာတော်ပြီး ဆယ်တန်းကို ဂုဏ်ထူး အများကြီးနဲ့ အောင်ခဲ့တဲ့ ဒေါက်တာအေးဇော်ထွန်းကို အိမ်က ရေကြောင်းတက္ကသိုလ် တက်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် တွက်ကြည့်သမျှ ဗေဒင်တွေ အားလုံးက ရေမှာ သေမယ် လို့ ဟောခဲ့တာကြောင့် ရေကြောင်း တက္ကသိုလ် မတက်ဘဲ ဆေးတက္ကသိုလ် တက်ခဲ့တာပါ။ ဒါပေမယ့်လည်း ဗေဒင်တွေရဲ့ ဟောပြောချက် မှန်ကန်ခဲ့ပြီး ရေမှာပဲ ဆုံးပါးခဲ့ရပါတယ်။

(၂) ဒေါက် တာအေးဇော်ထွန်း ပျောက်ဆုံးနေမှုကို ဆရာတော်တပါးက တွက်ချက်ပြီး မရှိတော့ဘူးလို့ ဆိုခဲ့တာကြောင့် ၂၂ ရက်နေ့မှာ ဇနီးက ဆွမ်းသွတ်ခဲ့ပါတယ်။ ဆွမ်းသွတ်ပြီး ၂ ရက်အကြာမှာ အလောင်းကို ပြန်ရှာတွေ့ခဲ့ပါတယ်။

(၃) သူပျောက်နေစဉ်မှာ သူ့သူငယ်ချင်းတယောက်ကိုလည်း အိပ်မက်ပေးခဲ့ပါသေးတယ်တဲ့။ အိပ်မက်ထဲမှာ သူငယ်ချင်းက “ဟဲ့ကောင် နင်ဘယ်ပျောက်နေလဲဆိုပြီး ပေါင်ကို ရိုက်လိုက်တာ မရိုက်ပါနဲ့ ငါနာနေလို့ပါလို့ ပြန်ပြောပါတယ်”တဲ့

(၄) ကားတွေ့စဉ်က ပထမ ကရိန်းကားတစီးနဲ့ ရေထဲကကားကို ဆွဲခဲ့ပေမယ့် ကရိန်းအုံကနေ ကျွတ်သွားတယ် လို့ သိရပါတယ်။ ရဲများက ပွဲပေးပြီး ဒုတိယ ကရိန်းနဲ့ ချီမတော့မှသာ ဆွဲတင်လို့ ရတယ်လု့ သိရပါတယ်။

အထက်ပါအချက်တွေကတော့ မော်လမြိုင်က ဒေါက်တာအေးဇော်ထွန်း ကိစ္စရဲ့ လူမသိသေးတဲ့ သဘာဝလွန် အကြောင်းအရာများပဲ ဖြစ်ပါတယ်။ တချို့လူတွေကတော့ ယုံကြည်မှာ မဟုတ်ပေမယ့် သိပ္ပံပညာနဲ့ ချိန်ညှိလို့ မရသေးတဲ့ အကြောင်းအရာတွေ လောကမှာ အများကြီး ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အသိနဲ့ သတိလေး ထားပြီး ဒေါက်တာအေးဇော်ထွန်းလို အဖြစ်ဆိုးမျိုး မကြုံတွေ့ရအောင် ဆင်ခြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။special news