မော် လမြိုင် အတ္တရံမြစ်ထဲမှာ ဒေါက်တာအေးဇော်ထွန်းတို့သားအဖရဲ့ ကားနဲ့ရုပ်အလောင်းတွေကို တွေ့ရှိရပြီးနောက်မှာတော့ လူမှုကွန်ယက်မှာ ထင်မြင်ချက်မျိုးစုံနဲ့ ပွဲဆူနေခဲ့တာပါ။

ဒီလိုထင်မြင်ချက်တွေကို ပိုမိုဆူညံလာစေခဲ့တာကတော့ ဒေါက်တာအေးဇော်ထွန်းရဲ့ လက်ကိုင်ဖုန်းကို ပြန်လည်တွေ့ရှိခြင်း မရှိတာကလည်း အချက်တစ်ချက် အနေနဲ့ ပါဝင်နေခဲ့တာလည်းဖြစ်ပါတယ်။ယနေ့နေ့လည်ပိုင်းသတင်းတွေမှာတော့ ညောင်ပင်ဆိပ်ကမ်းစမ်မှာ ကားမှန်ကွဲစတွေနဲ့အတူ ဖုန်းတစ်လုံးပါ တွေ့ရှိရတဲ့အကြောင်း ပါဝင်လာခဲ့တာပါ။ဒီဖုန်းဟာ ကွယ်လွန်သူ ဆရာဝန်ရဲ့ဖုန်းဟုတ်မဟုတ် မသေချာသေးပဲ ကျန်ရစ်သူမိသားစုအိမ်ကိုတော့ ပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ကိုလည်းအကြောင်းကြားထားတယ်လို့သိရပြီး အဆိုပါ သတင်းကိုလည်း လူမှုကွန်ယက်သုံးစွဲသူတွေက ထင်မြင်ချက်အမျိုးမျိုး ပေးနေကြတာပါ။

ရဲတပ်ဖွဲ့ကတော့ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးတာကိုလည်းတွေ့ရပါတယ်။ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တချက် ဖြစ်တာမို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်နော်။

Writer – Magic(Shwe yaung lan)

Photo source – Si thu Maung