မန္တလေးဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့ မြို့တော်တစ်ခုဖြစ်ပြီး မြန်မာဘုရင်နောက်ဆုံးနန်းစိုက်ခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်…. မြန်မာနိုင်ငံရဲ့ အချက်အခြာမြို့တစ်မြို့လို့လည်း ဆိုနိုင်ပါတယ်…ဒီလိုအရေးပါတဲ့ မြို့ရဲ့ စည်ပင်သာယာရေးအတွက် တာဝန်ရှိသူတွေက အဖက်ဖက်ကနေ ကြိုးစားဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်….

ခုလည်းပဲ မန္တလေးမြို့အတွက် သတင်းကောင်းလေးတစ်ခု ရှိလာပါတယ်…အဲတာကတော့အေးရိပ်ငြိမ်အဝင်လမ်း(မတ္တရာလမ်းနှင့်အေးရိပ်ငြိမ်)ကြား နိုင်လွန်ကတ္တရာခင်းတာ ယနေ့ ပြီးမယ်လို့ ဆိုပါတယ်..

ဒီလမ်းဟာ နာရေးယာဉ်တွေ အသုံးပြုတဲ့လမ်းဖြစ်ပြီး ခုလိုအမြန်ပြီးတာကလည်း ကားအသွားအလာနည်းတဲ့ ညပိုင်းအချိန်အထိပါ မနားမနေလုပ်လို့ပြီးတာလို့ ဆိုပါတယ်…. ပြီးတော့ စည်ပင်နဲ့ပတ်သက်ပြီး ပြည်သူတောင်းဆိုမှုများတဲ့လမ်းတစ်လမ်းလို့လည်း သိရပါတယ်…

အစပိုင်းက ၂၀၂၀-၂၁ဘတ်ဂျက်မှ လျာထားဖို့ရည်ရွယ်ထားပေမယ့် မမျှော်လင့်ပဲ အလှူရှင်၂ဖွဲ့က လှူလာလို့ ၅၀ ရာခိုင်နှုန်းကိုစည်ပင်ကစိုက်ထုတ်ပြီး အခုနှစ်ထဲမှာ ဖောက်လုပ်ပေးနိုင်တာလို့ သိရပါတယ်…. အလှူရှင်တွေကတော့ ကျောက်မျက်လုပ်ငန်းရှင် ဦးကျန်းဝေ၊ ဦးချင်းရွှေ နှင့် ဦးရာကြူးတို့မှ လှူဒါန်းငွေကျပ်သိန်း ၈၀၀ နဲ့ သစ္စာရာဇာဆေးရုံပိုင်ရှင် ပါမောက္ခဒေါက်တာဦးတင်အုန်း ဒေါက်တာဒေါ်မြင့်မြင့်ဝင်းမိသားစုမှ လှူဒါန်းငွေကျပ် သိန်း ၁၀၀ လှူခဲ့တာလို့ ဆိုပါတယ်…

ခုတော့အဆိုပါလမ်းဟာ ပြီးဆုံးတော့မည်ဖြစ်ပြီး မြို့တော်ဖွံ့ ဖြိုးရေးအတွက် ပြည်သူနဲ့အတူလက်တွဲ ဆောင်ရွက်နေတဲ့ စည်ပင်အဖြစ် သက်သေတည်လိုက်တာပဲ ဖြစ်ပါတယ်…မန္တလေးမြို့သူ မြို့သားတွေလည်း သာဓုခေါ်နိုင်အောင် ဒီသတင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်..

Writer – HW (Shwe Yaung Lan)
Source : ဒေါက်တာရဲလွင် (မန္တလေး မြို့တော်ဝန်)