ချစ် စရာအပြုံးလေးတွေနဲ့ ပွင့်လင်းတဲ့ ပြောပုံဆိုပုံကြောင့် ဖြူဖြူထွေးဟာ ပရိသတ်တွေရဲ့ ချစ်ခြင်းကို ခံရသူတစ်ဦးပါ…..ကျောင်းကပွဲမှာကရင်း လူသိများလာခဲ့တဲ့ ဖြူဖြူထွေးဟာ လက်ရှိအချိန်မှာတော့ အနုပညာခရီးလမ်းမှာ အောင်မြင်စွာလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်…

ပြီးခဲ့ တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဖြူဖြူထွေးဟာ ရုက္ခဗေဒပညာရပ်နဲ့ သင်ယူပြီးစီးခဲ့လို့ ဘွဲ့လည်း ရရှိခဲ့ပြီ ဖြစ်ပါတယ်….ခုလို ပညာလည်းစုံပြီဖြစ်သလို အောင်မြင်မှုတွေ ရလာတဲ့ ဖြူဖြူထွေးဟာ မိဘကျေးဇူးကိုလည်း သိတတ်သူတစ်ဦးဖြစ်ပါတယ်….မိဘကို အိမ်တွေဆောက်ပေးခဲ့အပြင် ခုချိန်ထိလည်း လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ်မာလေးလည်း ဖြစ်ပါတယ်……

လတ်တလောမှာလည်း ဖြူဖြူထွေးဟာ ချစ်တဲ့ မိဘတွေကို ရုတ်တရက်အံ့အားသင့်အောင် တန်ဖိုးကြီးပစ္စည်းတွေဝယ်ပေးပြီး Surprise ပြုလုပ်ခဲ့ပါတယ်…. ဒီအကြောင်းလေးကို တော့ အင်တာဗျူးတစ်ခုမှာ ဖြူဖြူထွေးက ပြောပြထားတာပါ….

စုစုပေါင်း ၄၃ သိန်းဖိုးရှိတဲ့ ရွှေတွေဝယ်ပြီး မိဘနှစ်ပါးကို Surprise တိုက်ခဲ့တဲ့အကြောင်းကို ဖြူဖြူထွေးက ခုလိုပြောပြခဲ့တာပါ….

“အမေ နဲ့ အဖေ အတွက် ရွှေ (၄၃) သိန်းဖိုး ဝယ်ပေးပြီး Surprise တိုက်လိုက်တယ်။ အမေ့ အတွက် လက်ကောက် (၄) ကွင်း ၊ အဖေ့ အတွက် Hand Chain (၁) ကွင်း ဝယ်ပေးလိုက်တယ်” လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်….

မိဘကျေးဇူးကို သိတတ်ပြီး ခုလို ချစ်စဖွယ်ကောင်းအောင်လည်း Surprise လုပ်တတ်တဲ့ ဖြူဖြူထွေးရဲ့ အင်တာဗျူး ဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video and Photo Source : Myanmar Celebrity,Phyu Phyu Htwe