ယာဥ္ တိုက္မႈျဖစ္လွ်င္ထြက္မေျပးပါနဲ႔ယာဥ္တိုက္မႈအေတာ္မ်ားမ်ားဟာ မေတာ္တဆျဖစ္ၾကရတာပါ အခန႔္မသင့္လို႔ ယာဥ္မေတာ္တဆတိုက္မႈျဖစ္ၾကတဲ့ေနရာမွာ ယာဥ္ေမာင္းေရာ တိုက္ခံရသူေရာ ဘယ္သူ႔ကိုမွ အပစ္ပုံခ်လို႔မရပါဘူး မေတာ္လို႔ျဖစ္သြားပီးပီဗ်ာ ဘယ္လိုနည္းလမ္းမွန္မွန္ေျဖရွင္းၾကမလဲ ဒီအပိုင္းေလးကို အဓိကထားေျပာျပခ်င္တယ္။ ယာဥ္တိုက္ပီဆိုတာနဲ႔ တခ်ိဳ႕ကထြက္ေျပးၾကပါတယ္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေပါ့ေလ ႐ုတ္တရက္အႀကီးအက်ယ္ထိန႔္လန႔္သြားလို႔ ထူပူသြားလို႔ ဆြမ္းႀကီးဝိုင္းေလာင္းမွာေၾကာက္လို႔ စသည္ျဖင့္ေပါ့ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ယာဥ္တိုက္မႈျဖစ္ခဲ့ရင္ ထြက္မေျပးဖို႔ပါပဲ။ တိုက္ခံရတဲ့သူ က်ိဳးပဲ့ေပါက္ၿပဲ ေနာက္ဆုံး ေသးဆုံးသြားသည့္တိုင္ေအာင္ ထြက္မေျပးေစခ်င္ပါဘူး ေကာင္းၿပီး ထြက္မေျပးခဲ့ရင္ ဘယ္လိုအက်ိဳးသက္ေရာက္မႈရမွာလဲငါ့ညီလို႔ ဆိုခဲ့ရင္ ဒါကိုလဲရွင္းျပခ်င္လွပါတယ္တိုက္မိပီ လူတစ္ေယာက္ကို ဆိုၾကပါစို႔ ဒါဆို မိမိယာဥ္ေပၚကဆင္း တိုက္မိတဲ့လူနာကို အစစအရာရာအတြက္ တာဝန္အျပည့္နဲ႔ကူညီလိုက္ပါ။

ေဆး႐ုံေရာက္သည္အထိ လူနာရဲ႕ေဆြးမ်ိဳးသားခ်င္းမ်ားနဲ႔ ေတြ႕ဆုံပီး လိုအပ္တာေတြအတြက္ တာဝန္ယူစကား ေႏြးေထြးတဲ့စကားေတြနဲ႔ ႏွီးေႏွာဖလွယ္သည္အထိ ေဆာင္႐ြက္လိုက္ပါ။ ကဲ လူနာေသဆုံးသြားပါပီတဲ့ရတယ္ ဆက္ကူညီေပး ေနာက္ဆုံး ဥပေဒအရ အမႈဖြင့္အေရးယူၾကပီဆိုရင္ လာပီ မိမိရဲ႕႐ိုးသားစြာကူညီလုပ္ေဆာင္မႈေတြက အက်ိဳးသက္ေရာက္ပီေလ။ေသဆုံးသူရဲ႕ေဆြးမ်ိဳးေတြက မိမိအေပၚ မလိုမုန္းထားနည္းသြားပီ ေဒါသေတြ အျမတ္ေတြအစား မေတာ္လို႔ျဖစ္ရတာပဲ သူလဲ အစစအရာရာလာဝိုင္းလုပ္ေပးေနတာပဲ စသည္ျဖင့္ အေကာင္းဘက္ကေန ေမတၱာနဲ႔ျပန္ေတြးလာပီေလ ဒီေတာ့ ေထာင္က်ေအာင္ အေလွ်ာ္ေတြအရမ္းေတာင္ရေအာင္ သူတို႔ မေတြးေတာ့ပါဘူး ေျပလည္ရာေျပလည္ေၾကာင္းပဲ စဥ္းစားေတာ့မွာေလ ေၾကေအးေၾကာင္းစာခ်ဳပ္မွာလဲ လက္မွတ္ထိုးေပးဖို႔ သူတို႔ဝန္မေလးေတာ့ဘူး သင့္တင့္တဲ့ေငြေၾကးကူညီမႈေလာက္နဲ႔ပဲ ေက်နပ္သြားမယ္ေဒီေတာ့ ယာဥ္တိုက္လို႔လူေသဆုံးတယ္ တရားစြဲတင္ပို႔တယ္ မိမိရဲ႕တာဝန္ယူသိတတ္မႈေၾကာင့္ တဖက္ကေၾကေအးေပးတယ္ကဲ ဘယ္ေလာက္ျပသနာႀကီးပီးဆုံးသြားသလဲ မဟုတ္လို႔ ထြက္ေျပးလို႔ ျပန္မိတဲ့အခ်ိန္ တရား႐ုံးရင္ဆိုင္ရရင္ေတာ့ ဘာေမတၱာတရားမွ ကူညီႏိုင္မွာမဟုတ္ေတာ့တဲ့အတြက္ ထိုက္သင့္တဲ့ပစ္ဒဏ္ အျပည့္ခံရမွာျဖစ္ပါေတာ့တယ္။

Unicode

ယာဉ် တိုက်မှုဖြစ်လျှင်ထွက်မပြေးပါနဲ့ယာဉ်တိုက်မှုအတော်များများဟာ မတော်တဆဖြစ်ကြရတာပါ အခန့်မသင့်လို့ ယာဉ်မတော်တဆတိုက်မှုဖြစ်ကြတဲ့နေရာမှာ ယာဉ်မောင်းရော တိုက်ခံရသူရော ဘယ်သူ့ကိုမှ အပစ်ပုံချလို့မရပါဘူး မတော်လို့ဖြစ်သွားပီးပီဗျာ ဘယ်လိုနည်းလမ်းမှန်မှန်ဖြေရှင်းကြမလဲ ဒီအပိုင်းလေးကို အဓိကထားပြောပြချင်တယ်။ ယာဉ်တိုက်ပီဆိုတာနဲ့ တချို့ကထွက်ပြေးကြပါတယ်အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ ရုတ်တရက်အကြီးအကျယ်ထိန့်လန့်သွားလို့ ထူပူသွားလို့ ဆွမ်းကြီးဝိုင်းလောင်းမှာကြောက်လို့ စသည်ဖြင့်ပေါ့ကျွန်တော်ပြောချင်တာကတော့ ယာဉ်တိုက်မှုဖြစ်ခဲ့ရင် ထွက်မပြေးဖို့ပါပဲ။ တိုက်ခံရတဲ့သူ ကျိုးပဲ့ပေါက်ပြဲ နောက်ဆုံး သေးဆုံးသွားသည့်တိုင်အောင် ထွက်မပြေးစေချင်ပါဘူး ကောင်းပြီး ထွက်မပြေးခဲ့ရင် ဘယ်လိုအကျိုးသက်ရောက်မှုရမှာလဲငါ့ညီလို့ ဆိုခဲ့ရင် ဒါကိုလဲရှင်းပြချင်လှပါတယ်တိုက်မိပီ လူတစ်ယောက်ကို ဆိုကြပါစို့ ဒါဆို မိမိယာဉ်ပေါ်ကဆင်း တိုက်မိတဲ့လူနာကို အစစအရာရာအတွက် တာဝန်အပြည့်နဲ့ကူညီလိုက်ပါ။

ဆေးရုံရောက်သည်အထိ လူနာရဲ့ဆွေးမျိုးသားချင်းများနဲ့ တွေ့ဆုံပီး လိုအပ်တာတွေအတွက် တာဝန်ယူစကား နွေးထွေးတဲ့စကားတွေနဲ့ နှီးနှောဖလှယ်သည်အထိ ဆောင်ရွက်လိုက်ပါ။ ကဲ လူနာသေဆုံးသွားပါပီတဲ့ရတယ် ဆက်ကူညီပေး နောက်ဆုံး ဥပဒေအရ အမှုဖွင့်အရေးယူကြပီဆိုရင် လာပီ မိမိရဲ့ရိုးသားစွာကူညီလုပ်ဆောင်မှုတွေက အကျိုးသက်ရောက်ပီလေ။သေဆုံးသူရဲ့ဆွေးမျိုးတွေက မိမိအပေါ် မလိုမုန်းထားနည်းသွားပီ ဒေါသတွေ အမြတ်တွေအစား မတော်လို့ဖြစ်ရတာပဲ သူလဲ အစစအရာရာလာဝိုင်းလုပ်ပေးနေတာပဲ စသည်ဖြင့် အကောင်းဘက်ကနေ မေတ္တာနဲ့ပြန်တွေးလာပီလေ ဒီတော့ ထောင်ကျအောင် အလျှော်တွေအရမ်းတောင်ရအောင် သူတို့ မတွေးတော့ပါဘူး ပြေလည်ရာပြေလည်ကြောင်းပဲ စဉ်းစားတော့မှာလေ ကြေအေးကြောင်းစာချုပ်မှာလဲ လက်မှတ်ထိုးပေးဖို့ သူတို့ဝန်မလေးတော့ဘူး သင့်တင့်တဲ့ငွေကြေးကူညီမှုလောက်နဲ့ပဲ ကျေနပ်သွားမယ်ဒေီတော့ ယာဉ်တိုက်လို့လူသေဆုံးတယ် တရားစွဲတင်ပို့တယ် မိမိရဲ့တာဝန်ယူသိတတ်မှုကြောင့် တဖက်ကကြေအေးပေးတယ်ကဲ ဘယ်လောက်ပြသနာကြီးပီးဆုံးသွားသလဲ မဟုတ်လို့ ထွက်ပြေးလို့ ပြန်မိတဲ့အချိန် တရားရုံးရင်ဆိုင်ရရင်တော့ ဘာမေတ္တာတရားမှ ကူညီနိုင်မှာမဟုတ်တော့တဲ့အတွက် ထိုက်သင့်တဲ့ပစ်ဒဏ် အပြည့်ခံရမှာဖြစ်ပါတော့တယ်။