သ ရုပ်ဆောင်မော်ဒယ် ဆောင်းယွန်းစံ ကတော့ လူတွေမသိသေးတဲ့ ဖခင်ဖြစ်သူအကြောင်း ကို “ဖေဖေနဲ့မေမေအိမ်ထောင်သက်သုံးဆယ့်ငါးနှစ်အတွင်း မေမေ့ကိုလည်း အရမ်းချစ်ပေးပြီး ဒီသားသမီးလေးယောက်ကိုလည်း လိုလေးသေးမရှိ ဖြည့်စည်းပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဖေဖေရဲ့ အမျှော်အမြင် ကြီးမူ့တွေကိုလည်း အမြဲလေးစားရပါတယ်။ ဆောင်းယွန်းတို့အိမ် မီးလောင်ဘူးတယ် သိန်းကို ရာနဲ့ချီပီး အလိမ်ခံရဘူးတယ်။

ဒီလိုဒုက္ခတွေ အများကြီးရောက်ခဲ့တာတောင် ဆောင်းယွန်းတို့ရှေ့မှာအပြုံးမပျက် မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးပါ။ခုချိန်ထိ ဆောင်ယွန်းတို့ဆီက ဘာမှ မရယူပဲ ပေးဆပ်မူ့တွေပဲရှိလို့ တောင်းပန်ပါတယ်။ဆောင်းယွန်းတို့ ဖေဖေနဲ့မေမေကိုကျေးဇူးဆပ်နိုင်အောင် အမြဲ ကြိုးစားပါ့မယ်။ဟဲဟဲ ခုမှ ပုံရဲ့လိုရင်းပြောတော့မယ်။မောင်နှမလေးယောက်အတွက် ခရစ်စမတ်လက်ဆောင် လက်စွပ်လေးတွေ အတွက် ကျေးဇူးပါလို့” လို့သူရဲ့ လူမှုကွန်ရက် စာမျက်နှာဖော်ပြထားပါတယ်။ သရုပ်ဆောင်မော်ဒယ် ဆောင်းယွန်းစံ က ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ပရိသတ်တွေပိုပြီး သတိထားမိစေခဲ့တာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သရုပ်ဆောင်မော်ဒယ် ဆောင်းယွန်းစံ ကတော့ ဘယ်လိုဒုက္ခတွေ အများကြီးရောက်ခဲ့တာတောင် ဆောင်းယွန်းတို့ရှေ့မှာအပြုံးမပျက် မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ဖခင်ဖြစ်သူအကြောင်းကို ပြောပြလာပါတယ်။