မင်း သားကြီးလွင်မိုးရဲ့ သမီးချောလေးဖြစ်သူ ယွန်းဝတီလွင်မိုးက ဘိုဆန်တဲ့မျက်နှာနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားသူလေးပါ။ ယွန်းဝတီလွင်မိုးက လက်ရှိ ကျောင်းပိတ်ရက်မှာ သားလေး လွင်ထက်ကို အချိန်ပေးနေတာဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ ကျောင်းပြန်တက်ရတော့မှာပဲဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက သူမကျောင်းမတက်ခင်မှာ သားလေးကို သေချာဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်နေတာဖြစ်ပါတယ်။

ချစ် စရာအရမ်းကောင်းလွန်းတဲ့ သားလေးနဲ့ ကြင်နာမှုတွေအပြည့်ပေးတဲ့ ခင်ပွန်းကြောင့် ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ လက်ရှိဘဝကို အပျော်ကြီးပျော်နေတဲ့ သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၃) ရက်နေ့က ရန်ကုန်မြို့ Time City မှာ ကျင်းပပြုလုပ်ခဲ့တဲ့ REN’E Mattias ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် REN’E Show ကို ခင်ပွန်းဖြစ်သူ ကိုထက်ဦးလှိုင်နဲ့အတူတူ တက်ရောက်ခဲ့ပါတယ်။

ယွန်းဝတီလွင်မိုးက အမြဲတမ်း သူမတစ်ယောက်တည်းသာ ပွဲတက်လေ့ရှိတာကြောင့် သူမခင်ပွန်းနဲ့အတူတူ ပွဲတက်ခဲ့ရာမှာ ပရိသတ်တွေက သဘောကျနေကြတာ ဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံက နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖင်ညီလွန်းတာ ဖြစ်ပါတယ်။