နန္ဒာလှိုင် က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး (၃) ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။

နန္ဒာ လှိုင်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားတည်၊ ကျောင်းဆောက်တာတွေမှာ ပါဝင်ကုသိုလ်ယူဖြစ်သလို အခြား ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း သမီးလေးတွေရဲ့ သူမအပေါ်အမြင်ကို” သမီးတွေကိုအလှူပုံတွေပြတော့သမီးလတ်ကမေးတယ်လူတွေကမေမေ့ကိုဘာလို့ဝိုင်းကြည့်ကြတာလဲတဲ့ မေမေ့ကိုချစ်လို့ပေါ့သမီးရယ်ဆိုတော့ အို့အများကြီးဘဲတဲ့ ဒါဆိုမေမေသမီးနဲ့ tik tok ဆော့ပါလားတဲ့ ကဲ ” ဆိုပြီး သမီးလေတွေတောင်းဆိုပုံကို သဘောကျ အံ့သြခဲ့တာကြောင့် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သမီးလေးတွေနဲ့အတူ TikTok ဆော့ပေးဖို့ မှတ်ချက်လေးတွေပေးနေကြတာပဲ ဖြစ်ပါတယ်။