တိုင်းေ ဒသကြီး ( ၅ ) ခု မိုးရွာနိုင်၊ အအေးပိုနိုင်
ရန်ကုန်အပါအဝင် ဒေသငါးခု အအေးပိုလာနိုင်
ရန်ကုန်မြို့တွင် တစ်ကျော့ပြန်အေးလာနိုင်ဖွယ်ရှိသည်ဟု မိုးဇလက ဆိုသည်။
(ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွင် ညအပူချိန်များ လျော့ကျလာနေပြီး အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် သည်။
အအေးပိုလာမည့် ဒေသများစာရင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ရာ တိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ်နှစ်ခု ပါဝင်ခဲ့သည်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် နှစ်ရက်အတွင်း အအေးပိုလာနိုင် ကြောင်း သတင်းထုတ်ပြန်ထား သည်။
‘‘တရုတ်ပြည်ဘက်က လေအေးတွေ ပြန်အားကောင်းလာနေ လို့ ရန်ကုန်အပါအဝင် အောက်ပိုင်းဒေသတွေ ပြန်အေးလာဖို့ရှိတယ်’’ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ထိုအတောအတွင်း ကချင်၊ ချင်း၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းတို့ တွင် ဒီဇင် ဘာ ၂၇ ရက်မှ ၃၁ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိပေးထား သည်။
ထို့ကြောင့် ဒီဇင်ဘာနှောင်းပိုင်းကာလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အချိန်အခါ မဟုတ်မိုးနှင့် အောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပုံမှန်ထက် အအေးပိုမည့် အခြေအနေကို သတိပြုရန် လိုအပ်နေသည်။
Credit to အောင်သစ်လွင် ( 7day )
Unicode
တိုင််းဒေသကြီး ( ၅ ) ခု မိိုးရွာနိုင််၊ အအေးပိုနိုင်
ရန်ကုန်အပါအဝင်် ဒေသငါးခု အအေးပိုလာနိုင်
ရန်ကုန်မြို့တွင်် တစ်ကျော့ပြန်အေးလာနိုင်ဖွယ်ရှိိသည်ဟု မိုးဇလက ဆိုသည်။
(ဓာတ်ပုံ – ဂျေမောင်မောင််(အမရပူရ)
ရန်ကုန်အပါအဝင်် တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွွင် ညအပူချိန်များ လျော့ကျလာနေပြီး အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် သည်။
အအေးပိုလာမည့်် ဒေသများစာရင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ရာ တိိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ်နှစ်ခု ပါဝင်ခဲ့သည်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင်် နှစ်ရက်အတွင်း အအေးပိုလာနိုင် ကြောင်း သတင်းထုတ်ပြန်ထား သည်။
‘‘တရုတ်ပြည်ဘက်က လေအေးတွေ ပြန်အားကောင်းလာနေ လို့ ရန်ကုန်အပါအဝင် အောက်ပိိုင်းဒေသတွေ ပြန်အေးလာဖို့ရှိတယ်’’ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိိ သူတစ်ဦးက ပြောသည်။
အထက်ပါ ဒေသများတွင် ဒီဇင်ဘာလဆန်းပိုင်းမှ လလယ် ခန့်အထိ ပုံမှန်ထက် အအေးပိုခဲ့ပြီး ရှမ်းပြည်နယ်မှလွဲ၍ ကျန်ဒေသ များတွင် အအေးသိသိသာသာ လျော့ကျခဲ့သည်။ ယခုတစ်ကြိမ် တွင်် တစ်ကျော့ပြန် အအေးပိုလာ နိုင်ခြေရှိနေသည်။
ထိုအတောအတွင်း ကချင်၊ ချင်း၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းတို့ တွင် ဒီဇင် ဘာ ၂၇ ရက်မှ ၃၁ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိိပေးထား သည်။
ထို့ကြောင့် ဒီဇင်ဘာနှောင်းပိုင်းကာလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်် အချိန်အခါ မဟုတ်မိုးနှင့် အောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပုံမှန်ထက် အအေးပိုမည့် အခြေအနေကို သတိပြုရန် လိုအပ်နေသည်။
Credit to အောင်သစ်လွင်် ( 7day )