ဒီကေ န့ မနက်ပိုင်း ဒီဇင်ဘာ ၂၆ ရက်မှာ ပေါ်ပေါက်လာတဲ့ နေကြတ်မှု ဖြစ်စဉ်ကို မြန်မာ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့နဲ့ အာရှတောင်ပိုင်း ဒေသတချို့မှာ အထင်အရှား တွေ့မြင်ခဲ့ရပါတယ်။

အ ခု နေကြတ်မှု ဖြစ်စဉ်ကို စက်ဝန်းနေကြတ်မှုလို့လည်း ခေါ်ဝေါ်လေ့ ရှိပါတယ်။
လဟာ ကမ္ဘာရဲ့ အဝေးဆုံး နေရာမှာ ပတ်နေတဲ့အချိန် နေကို ကွယ်သလို ဖြစ်သွားပြီး နေဝန်းကို မီးတောက် အကွင်းကြီးပုံ တွေ့မြင်ရတဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ။

ဒီလို ရှားပါးတဲ့ နေကြတ်မှု ဖြစ်စဉ်ကို ဒီဇင်ဘာ ၂၆ ရက်က မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတွေကနေ တွေ့မြင်နိုင်ခဲ့ပါတယ်။

အာရှတိုက်မှတော့ သီရိလင်္ကာ မြောက်ပိုင်းက ဂျက်ဖ်နာ ဒေသဟာ ဒီနေကြတ်မှုကို အစောဆုံး လှမ်းမြင်ရတဲ့နေရာ ဖြစ်ခဲ့ပါတယ်။

မီးကွင်းပုံ ဖြစ်နေတဲ့ နေလုံးကြီးကို အချိန်အကြာဆုံး တွေ့မြင်နိုင်မယ့် နေရာကတော့ အင်ဒိုနီးရှားပိုင် ပါလာအူ ဂင်ဘီဆာ ကျွန်းမှာဖြစ်ပြီး ၃ မိနစ်ကျော် ကြာမြင့်မှာ ဖြစ်ပါတယ်။ ဟောင်ကောင်ကတော့ နေကြတ်မှုကို သုံးပုံတစ်ပုံလောက်ပဲ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်။

ဒါဟာ တစ်ဝက်တစ်ပျက်၊ ဒါမှမဟုတ် အပြည့်အဝ နေကြတ်မှု တစ်ခုအနေနဲ့ ၂၀၁၉ ခုနှစ်ထဲမှာ ပဉ္စမအကြိမ်မြောက် ပေါ်ပေါက်ခဲ့တာပါ။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

Credit – 7day