နိုင် ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဖြူဖွေးဝင်းမွတ်ပြီး ကိုရီးယားမလေးတွေ အရှုံးပေးရလောက်အောင် လှပသူလေး ဖြစ်ပါတယ်။ ကြွေရုပ်လေးလို လှပတဲ့ ဝတ်မှုံရွှေရည်က မျက်နှာလေးတင် လှတာမဟုတ်ပဲ သရုပ်ဆောင် ကောင်းမွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အနုပညာသက်တမ်း(၁၀)နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး နှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

နာ မည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အားလျော်စွာ အနုပညာလုပ်ငန်းတွေ လက်မလည်အောင် လုပ်ကိုင်နေရတဲ့ ဝတ်မှုံရွှေရည်က သူမရဲ့ အားလပ်ချိန်တွေကို မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကုန်ဆုံးလေ့ရှိပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ ခရစ်စမတ်နေ့မှာလည်း ဝတ်မှုံရွှေရည်က ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ Christmas Party လေးတစ်ခုကို ကျင်းပခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ Christmas Party လေးကို White Swan Restaurant မှာ ကျင်းပပြုလုပ်ခဲ့ပြီး သူငယ်ချင်းတွေ စုံစုံလင်လင် တက်ရောက်ခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ခရစ်စမတ်ညလေးကို ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

Rowena
Source: Wai Min Maung & Thu Rayn Kyaw Moe’s fb