ဖ တ်ကြည့်ပါ လေးစားပြီးသနားစရာကောင်းပါတယ် အမေဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကပထမ အကြိမ်လွတ်မြောက်ခဲ့တုန်းက ဗဟန်းမြို့နယ်ငါးထပ်ကြီး ဘုရားပေါ်တက်တဲ့တောင်တက်လမ်းဘယ်ဖက်မှာရှိတဲ့ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာတရားစခန်းဝင်ပါတယ်။

ရွှေတောင်ကုန်း သာသနာ့ရိပ်သာဆရာတော်ကြီးဟာအမေစု ကိုချစ်ခင်မြတ်နိုးလို့ သမီးလေး လိုပဲခေါ်လေ့ရှိတယ် အမေစု ရဲ့ခြံအမှတ် ၅၄အိမ်မှာ ဘာသာရေးကိစ္စရှိလို့ကြွရောက်ရင် စစ်အစိုးရက မကြွဖို့တားမြစ်တယ် ဆရာတော်ကြီးဟာ အနေအေးသလောက် အကြောက်အရွံလည်း ကင်းတယ် သီလသမာ ဓိလည်းရှိတော့ တားမြစ်တဲ့စစ်ခေါင်းဆောင်တွေကို..ဒီကိစ္စ မင်းတို့တားမြစ်ရမယ့်ကိစ္စမဟုတ်ဘူး ကြွတာ မကြွတာ ဟာ ငါ့သဘောပဲဖြစ်တယ် ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ မှာမင်းတို့ပြောခွင့်မရှိဘူးလို့ပြတ်ပြတ်သားသား ပြောခဲ့ဖူးပါတယ်..

အမေစုဟာအဲဒီရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာတရား စခန်းဝင်တဲ့အခါ ယခင်သမ္မတကြီးဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်နဲ့အတူတူဝင်ခဲ့တာပါ..တရက်မှာနေ့လည်ဖက် ယောဂီတွေ ဆွမ်းစားချိန်ရောက်လို့ ဆွမ်းစားအပြီးအချိန် အနည်းငယ်ရသေးတဲ့အတွက် အမေစုဟာရေချိုးခန်းဝင်ပြီး အရေးကြီးတဲ့ တစ်ထည်စနှစ်ထည်စကို လျှော်ဖွတ်ပါတယ် အဲ့ဒီအချိန်မှာ ရေချိုးခန်းတံခါး မင်းတုန်းကိုအပြင်ဖက်က ချလိုက်တဲ့ဂျလောက် ဆိုတဲ့အသံကြားလို့ အမေစုက. ဘယ်သူလဲ အထဲမှာလူရှိတယ်လို့ပြောပြီး တံခါးကို ထဖွင့်ကြည့်တော့ဖွင့်မရတော့ဘူး ..

အဲဒီအချိန်မှာဆွမ်းစား ပြီးတဲ့ယောဂီအခြို့ဟာ ရေချိုးခန်း အိမ်သာနဲ့မလှမ်း မကမ်းလောက်မှာ စြင်္ကန်လျောက်ရင်းတရားမှတ်နေကြ တယ် အမေစုအနေနဲ့အသံခပ်ကျယ်ကျယ်ခေါ်အော်ရင် ကြားနိုင်လောက်ပေမယ့် တရားမှတ်နေတဲ့ယောဂီတွေ အာရုံပျက်မှာ,အထိတ်တလန့်ဖြစ်မှာစိုးတဲ့အတွက်အော်ပြီး တော့မခေါ်တော့ပဲ အနားကိုလာတဲ့ခြေသံကြားတော့မှ တံခါးကိုခပ်ဖွဖွထုပြီးအကူညီတောင်းတယ် ဒါပေမယ့် ဘယ်သူမှလာဖွင့်မပေးကြဘူးလို့ဆိုတယ်။

စပြီး တံခါး ဂျက်ထိုးသွားကတည်းက အထဲက ထုပြီးအသံပေးပေမဲ့ တံခါးဖွင့်မပေးပဲထွက်သွားကြတယ် အမေစုတရားစခန်း အထိ ယုတ်မာသူတွေက လိုက်နှောင့်ယှက်နေတာပါ ယောဂီတွေရှိနေလျက် တံခါးဖွင့်မပေးကြဘူးဆိုတာက လည်းအကယ်၍တစ်စုံတစ်ယောက်ဟာ ရေချိုးခန်းအပြင် ဖက်မှာမတ်တပ်ရပ်ပြီးအထဲံက လူမသိအောင်တိတ်တိတ် ကလေးနေမယ်ဆိုရင်..အော်..အနားမှာလူရှိနေတာပဲဆို ပြီးဘယ်ယောဂီကမှ လာရောက်စပ်စုနေမည်မဟုတ်ပါ လုပ်တဲ့လုပ်ရပ်က..အမေစုအနေနဲ့ အဲ့ဒီရိပ်သာအပေါ် စိတ်နာအောင် အထင်လွဲအောင်လုပ်လိုက်တာပါ..

ဒီရိပ်သာက လူတွေအလကားပဲ ကိုယ့်အရေးပဲကိုယ်သိ တယ် ကူညီဖေးမတဲ့စိတ်မရှိဘူးဆိုပြီးစိတ်ဝမ်းကွဲအောင် လုပ်တာပါ..ဒါပေမယ့်အမေစုဟာ အဲသလိုစိတ်ထားလုံးဝ မဖြစ်ပဲ..ရေချိုးခန်းထဲမှာပဲမတ်တပ်ရပ်လိုက် ထိုင်လိုက်နဲ့ တရားမှတ်နေလိုက်တယ်လို့ဆိုပါတယ်..အဲသလိုနဲ့တရား စခန်းပြန်ဝင်ချိန်ရောက်လို့ ကိုယ့်နေရာမှာကိုယ်နေပြီး တရား ပြန်ထိုင်ကြပါတယ်။ နေ့လည်၂နာရီကျော်လောက်မှာတော့ ဒေါ်စုစုလွင်ဟာ စိတ်ထဲမှာ လေးလံပြီးတစ်ခုခုဖြစ်သလို ခံစားရတဲ့အတွက် အမေစုနေမကောင်းဘူးထင်လို့ အမေစု နေရာသွားကြည့်တော့အမေစုကိုမတွေ့ရဘူး

အဲဒါနဲ့.. Toilet ဝင်နေတာထင်တယ်ဆိုပြီး လိုက်ကြည့်ပါတယ် အိမ်သာနားရောက်တဲ့အခါ..အစ်မ အစ်မ ဆိုပြီးခပ်တိုးတိုး ခေါ်လိုက်တဲ့အခါမှာ ရေချိုးခန်းထဲတရားမှတ်တဲ့အမေစုက တရားမှတ်နေတာရပ်လိုက်ပြီး တံခါးကိုခပ်တိုးတိုးပြန်ထုပြီး ဒီမှာ..ရှိတယ် အပြင်ဖက်က ဘယ်သူဂျက်ထိုးသွားမှန်းမသိ ဘူး ခေါ်လို့မရတာနဲ့ အထဲမှာပဲတရားမှတ်နေတာလို့ပြော ပါတယ် ဒေါ်စုစုလွင်လည်းအမေစုကိုကြည့်ပြီးမျက်ရည်တွေ ဝေ့တက်လာရင်းက..ငါ့အစ်မမှာအတိတ်ဝဋ်ကြွေးတွေပါလာ တာပဲ နေအိမ်အကျယ်ချုပ်လွတ်တာတောင်မှ ရေချိုးခန်းထဲ အပိတ်ခံရတဲ့ ဘဝပါလားနော်လို့ပြောပါသတဲ့.

အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အမေစုဟာ ဘယ်သူ့ကိုမှလည်း ပြန်ပြောပြမနေပါဘူးတဲ့ သံသရာရှည်နေမှာစိုးလို့ အဲ့ဒီနေရာ မှာပဲ သူ့ခေါင်းထဲကထုတ်ပလိုက်ခဲ့ပါတယ် ဘေးလူတွေပြန် ပြောပြကြလို့သာအဲဒီအကြောင်းကိုသိကြရတာပါ..