ဟိန်း မင်းသူ ရဲ့ နောက်ထပ် MV တစ်ပုဒ် ထွက်ရှိလာခဲ့ပါပြီ။ဒီဇင်ဘာ (၂၅)မှာ ထွက်ရှိခဲ့တာပါ။သီချင်းရဲ့ နာမည် က တော့ “ဒဿနအလကာ င်္” ပါ။ဒီMV လေးထဲမှာတော့ သင်ဇာဝင့်ကျော်နဲ့ Sinon Loresca တို့က ပါဝင် သရုပ်ဆောင် ပေးထားပါတယ်။တေးရေး တေးဆို ကတော့ ဟိန်းမင်းသူပါ။ထူးခြားတာ တစ်ခုကတော့ ဒီ MV မှာ Sinon Loresca ပါ ပါဝင် သရုပ်ဆောင်ထားတဲ့ အချက်ပါ။

Sinon Loresca ကတော့ Gay မော်ဒယ်တစ်ယောက်ပါ။ ဖိလစ်ပိုင် လူမျိုးပါ။Catwalk King လို့ လူသိများတဲ့ Sinon Loresca ကတော့ (၆) လက်မ ဒေါက် ဖိနပ်ကြီးကို စီးပြီး ထူးခြားတဲ့ Catwalk လျှောက် တဲ့ ဗီဒီယိုဖိုင်တွေ ကြောင့် အွန်လိုင်းပေါ် မှာ နာမည်ကြီးလာခဲ့တာပါ။

ဟိန်းမင်းသူနဲ့ သင်ဇာဝင့်ကျော်တို့ ကလည်း အရင်ကလည်း MV တစ်ပုဒ်မှာ အတူသီဆို၊သရုပ်ဆောင်ခဲ့ဖူးပါ တယ်။“YOU’RE THE ONE” ဆိုတဲ့ သီချင်းလေးပါ။အဲ့ဒီသီချင်းလေးကလည်း ပရိသတ်တွေ ကြားမှာ တော် တော် လေး ရေပန်းစား နာမည်ကြီးခဲ့ပါတယ်။FB/Hein Min Thu

Videoကြည့်ရန်