ဒီ ဇင်ဘာလ ၂၄ ရက်၊ ညပိုင်းက ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကွန်လုံကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာ၊ ဆင်တဲတံတားအနီးတွင် ၂၂ ဘီးကုန်တင်ယာဉ်တစ်စီး ဓါးပြတိုက်ခံခဲ့ရကြောင်း သိရသည်။

ဖြစ် စဉ်မှာ “ရပ်စောက်-ရွှေညောင်ကားလမ်းမှာရှိတဲ့ ဆင်တဲတံတားအကျော်မှာ နောက်ကားဘော်ဒီက နပ်ပြုတ်ပြီး အသံထွက်နေ လို့ ကားစပယ်ရာကို သွားကြည့်ခိုင်းတယ်။ အဲဒီအချိန်မှာပဲ လမ်းညာဘက်ခြမ်းကနေ အစိမ်းရောင်ယူနီဖေါင်းဝတ် ၅ ယောက် တက်လာတယ်။ လက်နက် ၂ လက်ပါတယ်။ ကျွန်တော့ကို ကားပေါ်ကဆင်းခိုင်းပြီး ဘယ်လောက်ပါလဲ မေးတယ်။ ကျွန်တော် ကလည်း ရပ်စောက်မှာပြောင်းတင်သွားမှာမို့ ဘာမှမပါဘူးပြောတော့ ကျွန်တော့်ဗိုက်ကို ၃ ချက်လောက်ထိုးတယ်။ တစ်ယောက်ကကားပေါ်တက်သွားပြီး ရှိတာအကုန်ယူတယ်။ စောင်တစ်ထည်၊ ဆေးပေါ့လိပ် တစ်စီး၊ ငွေကျပ် ၂၃၀၀၀၀ နဲ့ ကျပ် ၂ သိန်းခွဲတန် HAWEI ဖုန်း ၂ လုံးပါသွားတယ်”ဟု ယာဉ်မောင်း ထွန်းထွန်းနိုင် (ခ) ရှမ်းကုလားက ပြောကြားခဲ့သည်။

ထို့အတူ ယာဉ်နောက်လိုက် မင်းဇော်ထက်ကလည်း “ကိုထွန်းထွန်းနိုင်တို့ပြောဆိုနေသံတွေ ကြားတယ်။ ရွာခံ တွေနဲ့ပဲလို့ထင်တာ။ ကားရှေ့ခန်းနားရောက်တော့မှ ကိုထွန်းထွန်းနိုင်က တက်တက်မြန်မြန်တက် ဆိုပြီး ရပ် စောက်ဘက်အမြန်မောင်းတယ်။ ကားပေါ်ရောက်မှ ရှိသမျှပါသွားမှ ဓားပြတိုက်ခံရမှန်းသိတယ်” ဟု ပြောသည်။

ဓားပြတိုက်ခံရသည့်ယာဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ပန်းမြို့တော်ဂိတ်မှ ၂၂ ဘီး ကုန်တင်တွဲယာဉ်တစ်စီးဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းဖြစ်သော အေးသာယာနယ်မြေရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် အထက်သို့ ပြန်လည်တင်ပြရဦးမည်ဖြစ်ကြောင်းသာ ဖြေကြားခဲ့ကြောင်း သိရှိရသည်။Nay la yaung/KBZTai