မော် လမြိုင်မြို့မှပျောက်ဆုံးနေသောဒေါက်တာအေးဇော်ထွန်းတို့သားအဖနှစ်ယောက်မောင်းနှင်လာသောကားမှာ အမူးလွန်၍အတ္ထရံမြစ်ထဲသို့ထိုးဆင်းသွားခြင်းဖြစ်တယ်လို့ထုတ်ပြန်လိုက်တဲ့သတင်းဖတ်လိုက်ရပါတယ်. 😥😥 ကိုယ်တိုင်လည်းဆက်သွယ်မေးမြန်းကြည့်တော့ သေမှုသေခင်းမတော်တဆမှုဘဲဖြစ်တယ်လို့ကြားသိရပါတယ်. တစ်ကယ်လဲစိတ်မကောင်းပါဘူး

လွန်ခဲ့တဲ့ဒီဇင်ဘာလ ပထမပတ် (၅) ရက်နေ့ကတည်းကမော်လမြိုင် မြို့ မျှော်လင့် (၁) ရပ်ကွက် ညောင်ပင်ဆိပ် ၊ မျှော်လင့်လမ်းမကြီးဘေးတွင်နေထိုင်သောဒေါက်တာအေးဇော်ထွန်းနဲ့ သုံးနှစ်သားရင်သွေးငယ်တို့ဟာ ညအချိန်စားသောက်ဆိုင်မှအပြန်ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့မှအပူတပြင်းလိုက်လံစုံစမ်းရှာဖွေခဲ့ကြပေမယ့်လည်းရှာမတွေခဲ့တဲ့နောက်ဆုံး CCTV မှတ်တမ်းများအရ အတ္ထရံမြစ်ထဲကို ရေငုပ်ရှာဖွေဘို့ဆုံးဖြတ်ခဲ့ကြရာမှ ယနေ့ ၁၁ နာရီခန့်မှာကားရော ရုပ်အလောင်းပါ စိတ်မကောင်းစွာရှာဖွေတွေ့ရှိခဲ့ကြတယ်လို့သိရပါတယ် ။

မြစ်ထဲကနေ ၁၃:၀၅ မိနစ်မှာဆယ်ယူပြီး ဆေးရုံကြီးမှာ ရွံ့များကို ဆေးကြော စစ်ဆေးရှာဖွေရာ ဆရာဝန်သားအဖနှစ်ယောက်ရဲ့ DB ကိုနောက်ခန်းမှာဖက်လျက်တွေ့တယ်လို့ဆိုတော့ ကားဟာရေထဲထိုးကျကျခြင်း ဦးခေါင်းကအင်ဂျင်အလေးချိန်ကြောင့်အရင်နစ်မြှပ်နေစဉ် သားငယ်ကိုပွေ့ဖက်ပြီး ရေလွတ်တဲ့နောက်ခန်းထဲကိုသွားပြီးနောက်ဆုံးမိနစ်ပိုင်းအထိသားအဖနှစ်ယောက်ရင်ဆိုင်ခဲ့ကြပါလိမ့်မည် ။\DB ကိုတော့မနက်ဖြန်မှ ရင်ခွဲစစ်ဆေးမယ်လို့သိရပါတယ် ။

ကားရဲ့ဂီယာတန်ဟာ Rထိုးတာကိုတွေးဆခြင်းအားဖြင့် ရေထဲကျပြီလို့သိလိုက်ချိန် ကြောက်ကြောက်လန့်လန့်နဲ့ Back ဆုတ်ဘို့ကြိုးစားခဲ့တာဖြစ်နိုင်ပါတယ် ၊ ကားသော့ဟာ ACC ၂ဆင့်မှာတွေ့တယ်ဆိုတော့ ကားမှန်တွေကိုချကြည့်ဘို့အဖွင့်အပိတ်လုပ်ခဲ့တာလဲဖြစ်နိုင်ပါတယ် ၊ အဖြစ်အပျက်ကမြန်တန်တာရယ် ၊ညဘက်ဖြစ်နေတာကြောင့်မည်သူမှမသိလိုက်ကြတာဟာလည်းကံဆိုးခြင်းပါဘဲလေ ၊ CCTV တွေရဲ့စစ်ဆေးတွေ့ရှိချက်အရ ကီလိုမီတာ ၂၀ /၃၀ လောက်ပဲ မောင်းတာကိုတွေ့တယ် ၊ ကျိုက်မရော အဝိုင်းကို

တည်တည်ငြိမ်ငြိမ်ပတ်သွားတယ် ၊ ည ၁၁ နာရီကျော်ကျော်မှာ ညောင်ပင်ဆိပ်မျှော်လင့်လမ်းမကြီးရှေ့ ဒေါက်တာအေးဇော်ထွန်းရဲ့အိမ်ရှေ့ကနေကားဖြတ်မောင်းသွားတယ်ဆိုတဲ့CCTV မှတ်တမ်းကို ဘေးအိမ်ကနေရရှိတဲ့အတွက် ရဲတပ်ဖွဲ့က မသင်္ကာတာနဲ့ ဒီနေ့မနက် ၀၈:၀၀ ချိန်ကစပြီး ကျိုက်ဖနဲရပ်ကွက်က ရေငုပ်ကျွမ်းကျင်သမား ကိုဖိုးပါနဲ့ ကိုခေါင်းကြီးတို့နှစ်ယောက်ရေထဲဆင်းကာ အထက်အောက်အစုန်အဆန်ငုပ်ရှာရင်းကနေ အဆန်ဘက် ကမ်းစပ်နဲ့ပေ ၂၀ ခန့်အကွာ အနက်ပေ ၁၀၀ ခန့်မှာ ကားကိုပက်လက်အနေအထားရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ ” ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအသင်း ” ဥက္ကဌကိုဘိုဘိုဝင်းရဲ့ပြောပြချက်အရသိရပါတယ် ။

ဒေါက်တာဟာ မပျောက်ဆုံးခင်ည သူ၏သူငယ်ချင်းများနဲ့ အရက်တစ်လုံးနဲ့တစ်ပြားသောက်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ် ၊ အမျိုးအစားမတူတဲ့အရက်တစ်ပြားရောစပ်ပြီးသောက်တာကြောင့် အိမ်ရှေ့ရောက်ခါနီး အမူးလွန်သွားတာဖြစ်နိုင်ပါတယ် ၊ မိမိအိမ်ကိုကျော်လွန်သွားတာကိုမသိခြင်းအားဖြင့်ဇဝေဇဝါဖြင့်မောင်းလာရာမှ ရုတ်တရက်မြစ်ထဲထိုးကျသွားတာဘဲဟုယူဆမိပါတယ် ။ အိမ်နဲ့မြစ်ဆိပ်ဟာ (၁) မိုင်ခန့်ဝေးကွာတယ်လို့ဆိုကြပါတယ် ။

ည်ပင်းက ဆွဲကြိုး လက်စွပ် နာရီ ၊ ငွေသားများမပျောက်ဆုံးဘဲတွေ့ရှိခဲ့ကြပြီးလက်ကိုင်ဖုန်းကတော့ရေစီးနဲ့မျောသွားနိုင်ပါသည် ၊ သားငယ်လေးကိုပွေ့ဖက်ပြီးဘယ်လောက်တောင်စိုးရိမ်ထိတ်လန့်သွားမလဲဆိုတာ မတွေးရဲအောင်ပါဘဲ.. အရက်ရဲ့ဆိုးကျိုးတွေကိုဆရာက သာမာန်လူတွေထက်ပိုသိမှာပါဗျာ..

အကယ်၍သာ သားငယ်လေးဟာ ၅ နှစ်သား ၆ နှစ်သားအရွယ်လောက်ဆိုရင် အရက်သောက်နေတဲ့ဖခင်ကိုကြည့်ပြီး ” ဖေဖေ အရက်တွေအများကြီးမသောက်နဲ့လေ သားအိပ်ချင်ပြီ အိမ်ပြန်ကြရအောင်နော်.. ဖေဖေ ” လို့ မပီကလာပီကလာပြောခဲ့မယ်ဆိုရင်တောင် အခုလောက်ထိအဖြစ်ဆိုးမျိုးကြုံတွေ့ချင်မှကြုံတွေ့မှာပါ..

ခုတော့ဆရာရယ်…ဘာပြောရမှန်းတောင်မသိတော့ပါဘူး 😥😥 ​ဖြစ်လေရာဘဝမျိုးမှာ ဒီလိုအဖြစ်မျိုးနဲ့မကြုံတွေ့ရပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ်.. မိသားစုနှင့်အတူထပ်တူဝမ်းနည်းမိပါသည်