နေကြတ် ခြင်းကို- သူရိယ ဂရဟဏ် လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ သိထားကြတဲ့ ဂြိုဟ်ဆိုတဲ့ ဝေါဟာရ ဟာ ဂြဟ = ဂရဟ ဖြစ်ပြီး၊ ဂရဟ ဆိုတာက ဖမ်းစားခြင်း၊ သိမ်းပိုက်ခြင်းလို့ ခေါ်ပါတယ်။

၂၀၂၀ အတွင်းမှာ ထုတ်ဝေဖြစ်မယ့်- ဂရဟဆုတြ ကျမ်းမှာ ဒါတွေကို အသေးစိတ် ရေးသား ထားပါတယ် ။နေကြတ် တာကို- မိဟိရာပဒ် လို့ဖြစ်စေ၊ ပရိဂရဟ ဖြစ်စေ၊ အရ်ကဂရဟ ဖြစ်စေ၊ ရဝိဂရဟ ဖြစ်စေ အမျိုးမျိုး ခေါ်ကြပေမယ့်- အဓိက အခေါ်ကတော့- သူရိယ ဂရဟဏ် ဖြစ်ပါတယ်။

နေကြတ်တာ ဖြစ်စေ၊ လကြတ် တာ ဖြစ်စေ ကို ဥပဆရ်ဂ လို့လည်းကောင်း၊ ပရာဂ လို့ လည်း ကောင်း ခေါ်ပြန်ပါတယ် ။အခု ဒီဇင်ဘာလ ၂၆-၂၀၁၉ မှာ နေကြတ် မှာက- နေအကွင်းလိုက် ကြတ်တာ Annular Eclipse ဖြစ်တဲ့ အတွက်- အဲဒါကို – ဝလယ- ဂရဟဏ လို့ ခေါ်ပါတယ် ။

အိန္ဒိယ အပါအဝင်- ရှေးဟောင်း ထုံးစံကို လိုက်နာတဲ့ လူမျိုးတွေမှာ- နေကြတ် ချိန်- အစား အသောက် စားသောက်ခြင်း အထူးရှောင်ကြဉ်ကြပါတယ်။နေကြတ်ချိန်မှာ နေကနေ မိမိတို့ဆီ ရောက်လာတဲ့ နေရောင်ခြည်ရဲ့wavelength နဲ့ intensity တွေ ပြောင်းလဲသွားပါတယ်။

အထူးသဖြင့် ခရမ်းလွန် ရောင်ခြည် ပါဝင်မှု ပိုများလာတယ် ဆိုပါတယ်။ အဲဒါတွေက အစား အသောက်မှာ ရှိတဲ့- micro-organisms တွေ ပေါ်မှာ သက်ရောက်မှု ရှိပါတယ် …။ ဒါကြောင့် အာယုဗ္ဗေဒ ပညာမှာ နေမကြတ် ခင် ၂ နာရီ အလိုတည်းက အစားမစား ရလို့ တားမြစ်ထားပြီး၊

ကျေညက်ခဲ၏ လို့ ဆိုထားပါတယ် နေကြတ် ပြီးယင် လို့ အစာစားရင်လည်း ကျေညက်လွယ်တဲ့ အစာတို့ကို စားသင့်တယ် လို့ ဆိုပါတယ် ။ သိပ္ပံနဲ့ ပြောပြလို့ မရတဲ့ အခြားအချက်တွေလည်း ရှိဦးမှာ သေချာပါတယ် ။

နေကြတ်ချိန်မှာ- လုပ်ဆောင်ရန်များ

နေကြတ် ကလွတ်ပြီးနောက် ရေချိုးပစ်ပြီး၊ အဝတ်အစား များ လဲရပါမယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနဲ့- အိမ်ထဲကနေ အိမ်ပြင် မထွက်သင့်ပဲ၊ မိခင်ကိုရော ဝမ်းထဲက သန္ဓေသားကိုပါ ထိခိုက်စေလို့ နေရောင်ကို လုံးဝ ရှောင်ကြပါလို့ ဆိုပါတယ် ။

နေမကြတ် ခင်က ပြင်ဆင် ထားတဲ့ အစားအစာ များကို လွှင့်ပစ်သင့်ပါတယ်။ တကယ်လို့ မလွှင့်ပစ်နိုင်ဘူး ဆိုယင်- နေကြတ်ချိန် မတိုင်မီ ကတည်းက- ပင်စိမ်း အရွက်တွေနဲ့ အုပ်ကာ ထားရပါမယ်။

ဒီနေရာမှာ သက္ကတ လိုတော့ ဒရ်ဘ မြက် – ကုသျှ မြက် လည်း ခေါ်တဲ့ သက်ငယ်မြက် နဲ့ ဖြစ်စေ၊ မြေဇာ မြက်နဲ့ ဖြစ်စေ၊ အစားအစာများ၊ သောက်ရေကန် များကို အုပ်ကာ ပေးနိုင်ပါတယ်။ တရားထိုင်ခြင်း၊ အလှူ ပေးခြင်း ကို နေကြတ်ချိန်မှာ လုပ်ခြင်းဟာ မင်္ဂလာ အင်မတန် ရှိတယ် ဆိုပါတယ် ။ သူရိယ ဒေဝတာ အတွက် မန္တာန် ရွတ်ဆို နိုင်ပါတယ် ။

နေကြတ်ချိန်မှာ- ရှောင်ကြဉ်ရန်များ

နေကြတ် နေချိန်အတွင်း အစားစားခြင်း၊ ရေသောက်ခြင်း ရှောင်ပါ ။

နေကြတ်ပြီး နေရောင်သင့်တဲ့ အစားအသောက်များ မစားပါနဲ့ ။

နေကြတ်နေချိန်မှာ ထမင်းဟင်းချက်ခြင်း၊ အစားအသောက် ပြင်ဆင်ခြင်း မပြုပါနဲ့ ။

နေကြတ် နေချိန် အတွင်း ခရီးမသွားပါနဲ့ ။

အရေးကြီးတဲ့ အလုပ်အကိုင်၊ မင်္ဂလာ အမှုတွေ မပြုရပါ ။

ဘာပဲပြောပြော- ဒါလေးတွေ လိုက်နာရင် အကျိုးမယုတ် ဘူး ထင်လို့ မျှဝေပေးလိုက်ရပါတယ် ။

နေကြတ်ချိန် မနက် ဖမ်းစ ၈-နာရီ၅၉မိနစ်၄၄စက္ကန့်ပါ

ဖမ်းလယ်_၁၁နာရီ၄၈မိနစ်၅၃စက္ကန့်ပါ

လွတ်ချိန်–ညနေ-၄နာရီ၃၅မိနစ် ၃၆စက္ကန့်ပါ

အားလုံး ကျန်းမာ ချမ်းသာကြပါစေ

နျူမာန် (မိုးတား)

REF: SHWE THADIN