သ တိပြုကြဖို့ပါ

ကျွန်မတို့နေအိမ်ကို Nov လအတွက် မီတာစာရွက်ရောက်လာပါတယ်…

Dec 20ရက်နေ့က မီတာခ​ဆောင်ဖို့အတွက် စာရွက်ကို သေချာကြည့်လိုက်တော့ မျက်လုံးပြူးသွားတယ်

ပုံမှန် ၂သောင်းဝန်းကျင် ဆောင်နေကျက ဒီလ ၅သောင်းကျော်တယ်ဆိုတော့ ”ဟာ..မဟုတ်သေးဘူး” ဘယ်နားလွဲနေလဲပေါ့…

ကျမအမျိုးသားက စာရွတ်ပေါ်က သုံးစွဲယူနစ်ကို သေချာစီစစ်ကြည့်ပြီး အိမ်က မီတာဘောက်နဲ့ တိုက်စစ်ကြည့်လိုက်တဲ့အခါမှာတော့ ထင်တဲ့အတိုင်းပါပဲ…

သုံးစွဲယူနစ်ကိုပိုဖြည့်ထားလို့ပါ။

မီတာမှားဖတ်တာပဲလား?

စာရင်းဖြည့်တာ မှားတာပဲလား?

မီတာကို သေချာမဖတ်ပဲ ရမ်းတုတ်ပြီး ဖြည့်လိုက်တာလား? ဆိုတာကိုတော့ မီတာစာရေးပဲ သိလိမ့်မယ်…

Novလအတွက် မီတာစာရင်းကို dec 5 ရက်နေ့က လာဖတ်ထားတာပါ။ စာရွက်ထဲကအတိုင်းဆိုရင် dec 5ရက်နေ့ထိ သုံးစွဲယူနစ်က 17453 ယူနစ်ပါ။

Dec 20ရက် (သူတို့ဖတ်တဲ့ရက်ထက် ၁၅ရက်တိတိ ကျော်လွန်ပြီး)ရုံးမှာ မီတာသွားဆောင်ခါနီး ဓာတ်ပုံရိုက်ယူထားတာ 17438 ယူနစ်ပဲရှိပါတယ်။

သူတို့ဖတ်စဉ်ကရက်ထက် ၁၅ရက်ပိုသုံးထားတာတောင်မှ သူတို့ဖြည့်ထားတဲ့ ယူနစ်ကို မပြည့်မှီသေးပါဘူးရှင်…

ရုံးရောက်တော့ ကျမက ကျမတို့မသုံးခဲ့ရပဲ ဒီအမောင့်ကို မဆောင်နိုင်ပါဘူးလို့ သွားပြောခဲ့ပါတယ်…

ရုံးက တာဝန်ခံတွေက သူတို့စာရင်းချုပ်ပြီးဖြစ်တဲ့အတွက် ပြန်ပြင်လို့မရပါဘူးတဲ့ရှင်….

နောက်လတွေကျ လျော့ပေးပါ့မယ်… ဒီစာရင်းအတိုင်းသာ ဆောင်သွားပါ..တဲ့လေ.

ပြောချင်တာက နောက်လတွေ လျော့ပေးတာ မလျော့ပေးတာထက် သူတို့ စည်းမျဉ်းအရ ကျမတို့တွေက သုံးစွဲတဲ့ယူနစ်အပေါ်မူတည်ပြီး ဆောင်ရတဲ့ နုံးထားက မတူပါဘူးရှင့်…

၇၅ မှ ၁၀၀ယူနစ်ကြား = ၉၀ ကျပ်

၁၀၀ မှ ၁၅၀ ယူနစ်ကြား = ၁၁၀ ကျပ်

၁၅၀ မှ ၂၀၀ယူနစ်ကြား = ၁၂၀ ကျပ်

၂၀၁ ယူနစ်အထက် = ၁၂၅ ကျပ်

ဆိုတော့ကာ ကျွန်မတို့က ကိုယ်မသုံးစွဲခဲ့တဲ့ ယူနစ်ကိုလည်း ဆောင်ပေးရဦးမယ်… သူတို့ပိုရေးထားတဲ့ ယူနစ်အတွက် ၁၂၅ကျပ်နုံးနဲ့လည်း ဆောင်ရဦးမယ်ဆိုတော့ အများကြီးနစ်နာပါတယ်…

ကျမဖက်က မကျေနပ်ကြောင်း သွားပြောတဲ့အခါ ရုံးက သူတို့ဖက်က ပြန်ပြင်ပေးလို့မရတဲ့အတွက် နောက်လမှ ‘0’ယူနစ်ကနေ ပြန်တွက်ပေးပါ့မယ်လို့ ပြောလာပါတယ်….

အဲဒီတော့ ကျမတို့ သုံးစွဲသူပြည်သူတွေအတွက်က အမှတ်တမဲ့နဲ့ မကြည့်မိပဲ သူတို့တောင်းတဲ့အတိုင်းသာ ဆောင်မိခဲ့မယ်ဆိုရင် ဒီလိုမျိုး မှားယွင်းမှုတွေ ပေါ့ပျက်နိုင်မှုတွေ ဘယ်လောက်များရှိနေမလဲ?

အများသတိပြုနိုင်ရန် ကျမကြုံတွေ့ခဲ့ရတာကို မျှဝေပေးခြင်းပါ။ အားလုံးလည်း သတိပြုနိုင်ကြပါစေ။

Nang Mo Nom Sheng