မိ သားစု အခက်အခဲ တစ်အားဖြစ်၍ မဖြစ်မနေ အိမ်ရောင်းနိုင်မှ အိမ်အရောင်း ထွက်မှပဲ အရေး တကြီး အခက်ခဲ ဒုက္ခမှန်သမျှတွေ ကိုဖြေရှင်းနိုင်မည် ဆိုတဲ့ သူတွေအတွက် ကြိုက်ဈေးဖြင့် အမြန်းဆုံး ရောင်း ထွက် နိုင်ရန် ဆရာ ကိုယ်တိုင် ဒီအစီအရင်ကို ရေးသား တင်ပြပေး လိုက်ခြင်းဖြစ်သည်။

ယတြာ ပြုလုပ်ရန်မှာ

၁။ စတီးပန်းကန်ပြားတစ်ချပ် လိုအပ်ပါသည်။

၂။ ပိတ်စ အနီတစ်စကို လက်တစ်ထွာတိုင်း၍ ဖြတ်ရ ပါမည်။

၃။ ရောင်းမည့် သူ၏ ပိုင်ရှင် နာမည်ကို ဘောပင် အ နက် ဖြင့် ပိတ်စ အနီပေါ် ရေးရပါမည်။

၎။ အိမ်ဝင်းထဲက ထောင့်လေးထောင့်ထဲက မြေတစ် ဆုတ် စာ ယူရပါမည်။ (မြေမှုန့် စတိလည်းရသည်)

၅။ အဲ့ဒီထောင့်လေးထောင့်ကမြေကို ပန်းကန်ထဲ တွင် ထည့်ရပါမည်။ဆန်တစ်ဆုတ်ပါ မြေကြီးနဲ့အတူ ရောထည့်ရပါမယ်။ ဆနွင်းမှုန့် အနည်းငယ်ရောထည့်ရပါမယ်။

၆။ ပန်းကန်ထဲတွင် မြေကြီး၊ ဆန်၊ ဆနွင်းထည့်ပီး လျှင် အဲ့ဒီအပေါ်မှာ ရောင်းမည့်သူရဲ့ နာမည် ရေးထား သော ပိတ်စအနီကို ဖြန့်ထားပေးရပါမည်။

၇။ ဆီမီးခွက်ထဲတွင် ထောပတ်ဆီအပြည့် အသင့် ထည့် ပီးသားခွက်ကို အဲ့ဒီအပေါ်မှာ တင်ပေးရမည်။

၈။ အဲ့ဒီဟာတွေအားလုံးကို ကြာသပတေးနေ့ နံနက် ၉:၁၅အချိန်တွင် စတင်ပြုလုပ်ပေးရမည်။

၉။ ကြာသပတေးနေ့ ညနေ ၅:၄၅မိနစ် အချိန်တွင် ဆီမီးခွက်ကို ထွန်းညှိ ပူဇော်ပေးရပါမည်။ (၉) ရက် ဆက်တိုက် ပြုလုပ်ပေးရပါမည်။

၁၀။ မိမိနေတဲ့ အိမ်ဘုရားစင်ရှေ့မှာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အိမ်ရောင်းထွက်စေဖို့ ပါးစပ်ကနေ ပြော ပီး ဆုတောင်းပီးထွန်းပေးရမှာဖြစ်ပါတယ်။

၁၁။ ကိုးရက်ပြုလုပ်ပီး ဆယ်ရက်နေ့မြောက်မှာ အဲ့ဒါ တွေ အားလုံးကို အိတ်တစ်လုံးထဲစုထည့်ပီး ရေစီးနေ သောချောင်း ထဲတွင် မျှောပေး ရပါမည်။

တစ်လအတွင်း မိမိလိုချင်သည့် ဈေးအနီးစပ် ဆုံးရ၍ အနှိမ်မခံရပဲ အမြန်ဆုံးရောင်းထွက် သွားမည် ဖြစ်ပါ သည်။

အားလုံးပဲ စိတ်ချမ်းမြေ့ပြုံးပျော်ရွှင်နိုင်ကြပါစေ။

သိင်္ခမောင်

သိင်္ခမင်းခေါင် ဓာတ်ခန်း

ပြည်မြို့

၀၉၆၇၈၃၃၅၅၅၉

From ဆရာသိင်္ခမောင်