လူ ရယ်လို့ ဖြစ်လာရင် စားဝတ်နေရေးအတွက် ရုန်းကန်ကြရပါတယ် တချို့ကတော့ ဒါကို လက်ကြောမတင်းတာမို့ မလုပ်ချင်ကြဘဲ အချောင်စား အချောင်နေချင်ကြပါတယ် ဒါပေမဲ့ တချို့ကတော့ အသက်သာငယ်ပေမဲ့ မိဘကို ကူညီပြီး စားဝတ်နေရေးအတွက် ကိုယ်တတ်နိုင်တဲ့ အလုပ်လေးနဲ့ ငွေရှာပေးနေတဲ့ ကလေးလေးတွေ အများကြီး ရှိပါတယ် ဒီလိုကလေးလေးတွေထဲမှာ အင်မတန် မျက်နှာချိုပြီး သနပ်ခါးတွေအပြည့်လူးထားတဲ့ သူများပိုက်ဆံအလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးက လေးစားစရာပါ….

ဒီအကြောင်းလေးကိုတော့ လူမှုကွန်ရက်သုံးစွဲ သူတစ်ဦးဖြစ်တဲ့ ကို Thein Htike Zaw က ဓာတ်ပုံလေးတွေနဲ့ အတူ အောက်ကစာလေးကို ခုလို မျှဝေခဲ့ပါတယ်​နေ့လယ်က ကုသိုလ်တော်ဘုရားမှာတွေ့ခဲ့တဲ့ချာတိတ် စတွေ့တွေ့ချင်း သူကကျနော်တို့ကိုပန်းလာရောင်းတယ်ဗျ ကျနော်တို့လဲပန်းမဝယ်ဘူးဆိုတော့သနပ်ခါးလိမ်းပေးရမလားတဲ့

မုန့်ဖိုးပေးချင်သလောက်ပေးခဲ့ပါတဲ့(အသက်ငယ်ပေမယ့်သူတစ်ပါးပိုက်ဆံကိုအလကားမလိုချင်တဲ့စိတ်ကိုတော့လေးစားမိတယ်)ကျနော်လဲ သူသနပ်ခါးလိမ်းတာသဘောကျတာနဲ့ တစ်ချက်ခုတ်၂ချက်ပြတ်ဆိုပြီး သူ့ကိုဓာတ်ပုံရိုက် မုန့်ဖိုးပေးပေါ့(သနပ်ခါးလိမ်းထားတာကတော့အလန်းကြီး)အဲ့လိုကျ ကိုယ်တော်ချောကသွားကျိုးးလေးနဲ့ရယ်ပြတယ် အသက်ကခုမှ၅ နှစ်ပဲရှိသေးတယ်တဲ့….

စကားကတော့တတ်သလားမမေးနဲ့ဒီလိုကလေးလေးတွေနဲ့တွေ့ရင်ပန်းရောင်းတာပဲဖြစ်ဖြစ် သနပ်ခါးလိမ်းပေးရင်ဖြစ်ဖြစ်မုန့်ဖိုးများများပေးကြပါ….

၂၀၀~၅၀၀လောက်နဲ့ဘာမှမထူးခြားဘူးဆိုပေမယ့်လည်း 200~500 တွေများလာရင်တော့ သူတို့အတွက်အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်ဆိုပြီး အသက် ၅ နှစ်သာရှိသေးပေမယ့် သူများပိုက်ဆံ အလကားမလိုချင်တဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကူညီခဲ့ပုံလေးကို ကို Thein Htike Zaw က ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်….

သနပ်ခါးတွေ အပြည့်လိမ်းထားတဲ့ ကလေးလေးရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်… ပရိသတ်ကြီးတို့လည်း ကလေးလေးရဲ့ ပိုက်ဆံအလကားမလိုချင်တဲ့ စိတ်ဓာတ်နဲ့ အစ်ကိုကြီးရဲ့ ကူညီတတ်တဲ့ စိတ်ဓာတ်လေးကို လေးစားသောအားဖြင့် ဂုဏ်ပြုစကားလေးတွေ ပြောခဲ့ပါနော် ဒီလို စိတ်ဓာတ်ပိုင်ရှင်တွေ များများလိုတာကြောင့် အားလုံးသိအောင်လည်း Share ပေးနိုင်ပါတယ်နော်…

Photo Credit – Thein Htike Zaw