ဆေး ရုံတက်နေရင်း အဖိုး တန် ရွှေ ၇၀ ကျပ် သား ကို စွန့်လွှတ် လှူဒါန်း လိုက်တဲ့ အဖွားတစ်ဦးရဲ့ ပုံရိပ်များ

ဒီ တစ်ခါ တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ ဆေးရုံတက်နေရင်းကနေ သဒ္ဒါတရားထက်သန်စွာဖြင့်ရွှေ ၇၀ ကျပ်သားတိတိလှူဒါန်းခဲ့တဲ့ အဘွားအိုရဲ့ အလှူဒါနအကြောင်းပဲဖြစ်ပါတယ်။

မော် လမြိုင် ရွှေတောင်ရပ်ကွက် နေ အဘွား ဒေါ်လန်းဟာ မြဆည်းဆာ ဘိုးဘွားရိပ်သာတွင်တည်ဆောက်မည့် ထမင်းစားဆောင်အတွက် ရွှေစင် ၇၀ ကျပ်သားတိတိကိုသဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့တာပါ။မြဆည်းဆာ ဘိုးဘွားရိပ်သာဟာ မြစေတီစာသင်တိုက်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒကို ခံယူပြီး မြဆည်းဆာဆရာတော်မှ ဦးစီတည်ဆောက်ကာ ခိုကိုးရာမဲ့ ဘိုးဘွားများအတွက် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီအလှူဒါနကို အဘွားအို ဒေါ်လန်းမှ မိသားစုနဲ့အတူ သူမ ဆေးကုသမှုခံယူနေတဲ့ ဇာနည်ဘွားအထူးကုဆေးခန်းမှာ မြစေတီစာသင်တိုက်ဆရာတော် မြဆည်းဆာဆရာတော်နဲ့ ကျိုက္ခမီဆရာတော် တို့ ထံ ရေစက်ချလှူဒါန်းခဲ့တာပါ။အဘွားအို လှူဒါန်းနေတဲ့ ပုံရိပ်တွေကိုလူမှုကွန်ယက်မှာ လူအများက သာဓုအနုမောဒနာ ခေါ်ဆိုနေကြတာလည်းဖြစ်ပါတယ်။

ပရိ သတ်ကြီးအတွက် အဘွားအို ဒေါ်လန်း လှူဒါန်းနေတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။

Writer – Magic (Shwe Yaung Lan)