ပါးလေးဖောင်းဖောင်းလေး နဲ့ ပရိသတ်တွေသာမကပဲ အနုပညာရှင်တိုင်းကပါ အသည်းတုန်အောင် ချစ်နေရသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ သားချောလေး Liam လေးပါ။ သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာလည်း လူတိုင်းကို အသည်းယားပြီး အချစ်ပိုစေတာပါ။

အ ဖွားဖြစ်သူကလည်း သားလေးရဲ့ လှုပ်ရှားမှုဗီဒီယိုတိုင်းကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတာပါ။ ဖိုးဖိုးနဲ့ဖွားဖွားဟာလည်း တစ်ဦးတည်းသော မြေးလေးဖြစ်တာကြောင့် ချစ်မဝဖြစ်နေရတာပါ။ သားလေးဟာလည်း သူ့ရဲ့ ကစားစရာလေးများနဲ့ ကစားနေရရင်ကို ပျော်ရွှင်နေတဲ့သူတစ်ယောက်ပါ။

အခု မှာလည်း ခေးလေးရဲ့Instagram မှာ ပုံရိပ်လေးတွေတင်ထားတာပါ။ ဒါကတော့ သားလေးရဲ့ပါးဖောင်းဖောင်းလေးကိုချစ်မဝလွန်းလို့အနမ်းလေးတွေပေးနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။