Myanmar Idol season 4 အ စီအစဉ်ကြီးကတော့ ပရိသတ်တွေကြားမှာသာမက အနုပညာရှင်တွေကြားမှာပါ winnerရမယ့်သူကဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ရှိနေကြပါတယ်။

ပြိုင်ပွဲဝင်ကတော့ အေးမြဖြူ ၊အက်စတာ၊ဘင်ဂျမင်ဆုမ်း သုံးဦးသာကျန်ရှိပြီး တစ်ဦးကတော့ winner ဆုကိုရရှိမှာဖြပါတယ်။ အဆိုပါပြိုင်ပွဲဝင်သုံးဦးတည်းမှာတော့ အေးမြဖြူကို ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ winneရရှိမှာဖြစ်တယ်လို့ ထင်ကြေးပေးခံနေရတာ ဖြစ်ပါတယ်။

အေးမြဖြူဟာ မြန်မာသံကိုပိုင်နိုင်အောင်သီဆိုနိုင်သူတစ်ဦးဖြစ်တာကြောင့် မြန်မာသံအဆိုတော်တစ်ဦးဖြစ်တဲ့ ဦးရန်ပိုင်စိုးကလည်း” မြန်မာသံကို လက်ဆင့်ကမ်း သယ်ဆောင်မယ့် အေးမြဖြူလို ကလေးတွေရှိနေသေးတာမြင်ရတော့ အားတက်မိတယ်… အသက်သာငယ်ပေမဲ့ ပညာကမသေးတော့ လေးစားတာထက် ကြည်ညိုမိပါတယ်” လို့ဆိုထားပါတယ်။

ဆက်ပြီးတော့လည်း” အေးမြဖြူက မြန်မာသံဆိုတဲ့ နေရာမှာ တော်တယ်ကောင်းတယ် သူအသက်အရွယ်လေးနဲ့ ဆိုနိုင်လို့ ကျွန်တော်တို့ကိုယ်တိုင်က လှိုက်လှိုက်လှဲလှဲနဲကို တို့မြန်မာသံအတွက် ရှေ့လျှောက်အားငယ်စရာမရှိပါလား ကလေးတွေကလည်း လေးလေးနက်နက်ရှိပါလား”လို့တွေးမိတယ်ဆိုတဲ့ အကြောင်းကို ဆက်ပြီးတော့ ပြောပြထားပါသေးတယ်။