အသက်(၁၇)နှစ်အရွယ်မှာစတင်ပြီး အနုပညာလုပ်ငန်းတွေကို စတင်လုပ်ကိုင်လာခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ဟိန်းဝေယံကတော့ ကာရိုက်တာတိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်လတ်ပဲဖြစ်ပါတယ်..။

ဒီဇင်ဘာလ(၂၄)ရက်နေ့မှာတော့ ဟိန်းဝေယံတို့မိသားစုက နေအိမ်မှာ (၈)ကြိမ်မြောက် အသံမစဲ ပဌာန်းပွဲအလှူကျင်းပပြုလုပ်ခဲ့ပါတယ်..။ မင်းသား ဟိန်းဝေယံကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး အချစ်ရေးမှာတော့ Single အနေနဲ့သာ ဖြတ်သန်းနေတာပါ..။

သားဖြစ်သူ ဟိန်းဝေယံရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး မိခင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းကတော့ “သားကတော့ အခု အသက်အရွယ် (၃၀)လည်းရှိနေပြီဆိုတော့ အိမ်ထောင်ပြုစေချင်ပြီ..။ သားကမွေးတဲ့ မြေးလေးကိုလည်း ချီချင်နေပါပြီ..။

သားကိုတော့ သူ့ဘာသာဆုံးဖြတ်ခွင့်ကို ပေးထားပါတယ်”လို့ပြောပြလာပါတယ်..။ ဟိန်းဝေယံကတော့ သူရဲ့အိမ်ထောင်ဘက်ကို “သူရွေးချယ်ဖြစ်ခဲ့ရင် သူအပေါ်မှာလည်းနားလည်မှုရှိမယ် အမေအပေါ်မှာလည်း နားလည်မှုရှိမယ်လို့ ထင်ပါတယ်” လို့ပြောပြလာခဲ့ပါတယ်..။

ဟိန်းဝေယံကတော့ လတ်တလောမှာ စိတ်ကိုရှင်းရှင်းးလေးနဲ့နေနိင်အောင် ကြိုးစားနေပြီး အခုလက်ရှိမှာ ချစ်ရတဲ့ သူကိုတော့ မတွေ့သေးပေမယ့် အမေဖြစ်သူကတော့သားဟိန်းဝေယံ ခြေလှမ်းလေးတွေပျက်နေတဲ့အကြောင်းကိုလည်း ရယ်မောကာ ပြောပြလာပါတယ်..Source:Cele Connections