အ လှဖန်တီးရှင် ညီညီမောင်(စမ်းချောင်း)ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ပရိသတ်အသည်းကျော် Mooler လေးနဲ့အတူ ဗီဒီယိုဖုန်းခေါ်ဆိုထားတဲ့ပုံရိပ်လေးနဲ့ မူလီလေးတစ်ယောက်ဖြစ်ကြောင်းကို “ပရိတ်သတ်တယောက်ပါ ဟိဟိ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“သု သု”လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ ညီညီမောင်စမ်းချောင်းကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပြီး မိတ်ကပ်ပညာနဲ့ပတ်သက်လာရင် အနုပညာရှင်တွေကပါ အားကိုးတကြီးနဲ့အားကိုးနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတဲ့ သုသုဟာ ပျော်ရွှင်စရာ ဟာသဗီဒီယိုလေးတွေကို အပျော်သဘောအနေနဲ့ ရိုက်ကူးပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်လေ့ရှိပါသေးတယ်။သုသုတစ်ယောက်အပျော်သဘောအနေနဲ့ ရိုက်ကူးတင်ဆက်တဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေက သဘောကျနှစ်သက်ပြီး အပြည့်အဝအားပေးပါတယ်။

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပြီး မိတ်ကပ်ပညာနဲ့ပတ်သက်လာရင် အနုပညာရှင်တွေကပါ အားကိုးတကြီးနဲ့အားကိုးနေရတဲ့ သူတစ်ယောက်ဖြစ်တဲ့ ညီညီမောင်ကတော့ မူလီလေးတစ်ယောက်ဖြစ်ပါတယ်နော်။