အနု ပညာလောကမှာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ အဆိုတော်ကော်နီကတော့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး။ကော်နီကတော့ အခုလို

ဒီ ဇင်ဘာလရဲ့ ခရစ္စမတ်အချိန်အခါမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အထိကို သွားရောက်ကာ ခရစ္စမတ်တေးသီချင်းတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက် သီဆိုခဲ့ပါတယ်။

အခုလိုသွားရောက်သီဆိုဖြစ်ခဲ့တာကို ကော်နီက “ဒီနေ့ ဒီရက်လိုမျိုး အမေ့အိမ်မှာ ခရစ္စမတ်သီချင်းဆိုခွင့်ရရှိကြတဲ့ကျွန်မတို့။ အပြန်အမေ့ကို ကန်တော့ခဲ့ကြတယ်။”လို့ သီချင်းသီဆိုပြီး အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို

ကန်တော့ဖြစ်ခဲ့ကြတဲ့ အကြောင်းကို မနေ့က ဒီဇင်ဘာလ (၂၄)ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပီတိဝေဖြာစွာနဲ့ ဖော်ပြထားခဲ့တာပါ။ကော်နီကတော့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာစေဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်။

အဆိုတော်ကော်နီအပြင် ချောစုခင်၊ဆုန်သင်းပါရ်၊ဟေမာနေဝင်း၊တင်ဇာမော်၊ရေဗက္ကာဝင်းတို့နဲ့အခြားသော အဆိုတော်တွေလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ အတူတူသွားရောက်သီဆိုခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အဆိုတော်ကော်နီကတော့ သီချင်းသွားရောက်သီဆိုခဲ့ရင်း သူ့ရဲ့မျက်လုံးတွေက အေးချမ်းလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကနေ ခွာမရဖြစ်ခဲ့ရတယ်တဲ့။

Souece – Tun Connie

Credit Chilli – CeleGabar