မဟာ ဗန္ဒုလလမ်းမပေါ် ၂၅လမ်းထိပ်တဝိုက်မှာ ရောင်းနေတဲ့အဖွားပါ။ ဂေါ်ဖီပန်းပွင့်တစ်ပွင့်ဝယ်မလို့မေးတာ ၁၀၀၀ တဲ့ ၃ပွင့်ယူပါလား ၂၅၀၀ ပဲပေးပါ ပြန်သယ်ရတာ အရမ်းလေးလို့ပါ ဆိုတော့ သမီးလည်း လေးလို့ပါဆိုတော့ ညှပ်ပေးပါ့မယ် တဲ့
ဝယ်လိုက်ပါတယ်

လိမော်သီးလည်း ယူမလားတဲ့ ငွေမပိုတော့လို့ပါဆိုတော့ (တကယ်လည်း ကိုယိ့မှာ ၅၀၀၀တန်တစ်ရွက်ပဲရှိတော့တာ)

“ယူသွားပါလားနောက်နေ့ကြုံမှပေး သပ်သပ်လာပေးရတာဝေးရင် မလာနဲ့ သမီးမျက်နှာကြည့်ရတာ လိမ်မယ့်ရုပ်မဟုတ်ဘူး တကယ်ပြောတာ ယူသွား လိမ္မာတယ် တညနေလုံး အဘွားရောင်းတာဝယ်တာ သမီးပဲရှိလို့ လက်ဆောင်ပေးတာတဲ့ (စိတ်ထဲမကောင်းဘူးအဖွားရယ် ဘယ်လိုတောင်လဲ) ဘယ်မှာနေတာလဲ” ဆိုပြီး လိမော်သီးတွေ ၅လုံးပါ ထပ်ထည့်ပေးလိုက်တယ်

ဒီနားမှာပဲနေတာမလား လမ်းမတော်လား လသာလား

“အမ်မလေး ဒလထိပြန်ရမှာ မသယ်နိုင်ဘူးတစ်ယောက်တည်း” ဆိုတော့ “ဒလဆိုတာ ဟိုဘက်ကမ်းလား လူပုံက တရုတ်တန်းသူရုပ်နဲ့ ဘယ်လိုတောမှာ နေတာလဲ ကလေး ဂရုစိုက်ပြန် မှောင်နေပြီ” တဲ့
ကိုယ်ကသူ့စိတ်ပူ သူက ကိုယ့်စိတ်ပူဖြစ်နေတယ်

သူငယ်ချင်းတို့ လမ်းကြုံလျှင် နဲနဲဝယ်ပေးလိုက်ကြပါနော် အသီးအနှံတွေက တကယ်လတ်ဆတ်ပါတယ်
အိုင်တော့ ပိတ်ရက်၂ရက်လုံး ဂေါ်ဖီပန်းပွင့်ပဲစားတော့မယ်

မထားသစ္စာ