ဒေါက်တာအေးဇော်ထွန်း နဲ့သားအဖ ပျောက်ဆုံးမှု ပဟေဠိကတော့ ယမန်နေ့မှာပဲ ဝမ်းနည်းစွာ အဆုံးသတ်သွားခဲ့ရပါပြီဖြစ်ပါတယ်။အဆိုပါ သားအဖ စီးနင်းလိုက်ပါလာတဲ့ ကားကို အတ္တရံမြစ်ထဲမှာ ဆယ်ယူရရှိခဲ့ပြီး ငုင်းတို့ရဲ့ အလောင်းတွေကိုပါကားနောက်ခန်းထဲမှာ ရှာဖွေ့တွေ့ရှိခဲ့တာပါ။

ဆရာဝန်သားအဖကို ရှာဖွေတွေ့ရှိဖို့အတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့ နဲ့ အရပ်ဖက်အဖွဲ့အစည်း များ ပူးပေါင်းကာ ရက်ပေါင်းများစွာ ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ နဲ့ လူမှုအဖွဲ့အစည်းတွေဟာ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၇ နာရီမှစတင်ကာ CCTV မှတ်တမ်းသဲလွန်စရရှိထားတဲ့ညောင်ပင်ဆိပ် ဆိပ်ကမ်းမှာ ရေငုပ်ရှာဖွေမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး နေ့လည် ၁၁ နာရီလောက်မှာ ဒေါက်တာအေးဇော်ထွန်းတို့ရဲ့ကားကို ရှာဖွေတွေ့ရှိခဲ့တာပါ။တွေ့ရှိရှိခြင်းမှာတော့ ကားဟာ ပက်လက်လန်နေတဲ့ အနေအထားဖြစ်ပြီး နုန်းတွေပြည့်နေခဲ့တာပါ။နောက်ဆုံးမှာတော့ ကရိန်းနဲ့ မတင်ကာ ကမ်းပေါ်ကိုဆွဲတင်ခဲ့ပြီးဆေးရုံကြီး ကိုပို့ဆောင်ကာ အလောင်းတွေထုတ်ယူခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောဆိုခဲ့ကြပါတယ်။ဆရာဝန်သားအဖရဲ့ ပစ္စည်းတွေအကုန်နီးပါး ရှာဖွေတွေ့ရှိခဲ့ပေမယ့် ဆရာဝန်ရဲ့ လက်ကိုင်ဖုန်းကတော့ မတွေ့ရှိခဲ့ဘဲ ရေစီးနဲ့ မျောသွားခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒါကတော့ ဒေါက်တာအေးဇော်ထွန်းတို့သားအဖကို ရှာဖွေခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးသမားတစ်ဦးရဲ့ ပြောကြားချက်တွေကို အခြေခံကာ ပြန်လည်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကံဆိုးခဲ့ရရှာတဲ့ ဒေါက်တာအေးဇော်ထွန်းတို့သားအဖ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်ပေးလိုက်ရပါတယ်နော်။

Writer – Magic (Shwe Yaung Lan)