ကမ္ဘာပေါ်မှာရှိ တဲ့ လူအများစုဟာ ရုပ်ရည်ချောမောခြင်းကို အလိုရှိကြပါတယ်။ ဒါပေမဲ့ အခုတင်ဆက်ပေးထားတဲ့ ဗွီဒီယိုထဲမှာ တွေ့ရတဲ့ အမျိုးသားကတော့ သူ့ရဲ့ရုပ်ရည်ကြောင့် အလုပ်ခဏခဏအထုတ်ခံရတဲ့အတွက် ရုပ်ဆိုးအောင် ခွဲစိတ်ပြုပြင်တော့မယ်လို့ ဆိုပါတယ်။

သူ့ ရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် သူဌေးတွေက သူ့ကိုအလုပ်ထုတ်ခြင်းဖြစ်တယ်လို့ Adam ကဆိုပေမယ့် သူဌေးတွေကတော့ ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။

Adam ကတော့ သူအလုပ်ခဏခဏထုတ်ခံရခြင်းအကြောင်းဟာ သူ့ရုပ်ရည်ချောမောနေတာကြောင့်ဖြစ်တယ်လို့ အခိုင်အမာ ခံယူထားတာပါ။

Adam ရဲ့ ယခင်အလုပ်ရှင်တစ်ဦးကတော့ သူ့ကိုအလုပ်ထုတ်ရခြင်းဟာ အလုပ်နောက်ကျခြင်း ရိုင်းပျခြင်း ကုမ္ပဏီငွေကို ခိုးယူခြင်းတို့ကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်ရေးသားထားပေမယ့် Adam ကတော့ လက်မခံပါဘူး။

ဒီဗီဒီယိုလေးမှာ ရုပ်ချောသူတွေပြောပြထားတဲ့ သူတို့ကြုံတွေ့ရတဲ့အခက်အခဲကို ပရိသတ်ကြီးမြင်တွေ့ရမှာပါ။

Adam ကတော့ ဒီလအကုန်မှာ ခွဲစိတ်မှုပြုလုပ်ပြီး သူ့ရုပ်ကိုပိုဆိုးအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )