ပရိ သတ်ကြီးရေ မနက်ဖြန် မြန်မာနိုင်ငံမှာ နေကြတ်ပါမယ်နော်….နေကြတ်တယ်ဆိုတာ နေ၊ ကမ္ဘာနှင့် လတို့ တတန်းတည်း ကျရောက်သည့်အခါမှာ နေကြတ်ခြင်း ကို ဖြစ်ပေါ်စေတာပါ…ပြောရမယ်ဆိုရင် နေနဲ့ ကမ္ဘာကြား တည့်တည့်သို့ လရောက်သည့်အခါမှာ လဟာ နေကို ဖုံးကွယ်သွားပါတယ်..အဲဒီအခါ လရဲ့ အရိပ်ဟာ ကမ္ဘာပေါ်ကို ကျရောက်တာကြောင့် နေကြတ်ခြင်း ဖြစ်ပေါ်တာပါုမန်မာနိုင်ငံမှာ နေကြတ်မယ့်အချိန်ကိုတွေ့ရမယ့် အချိန်အတိအကျကို ပရိသတ်ကြီးတို့ သိအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်…

မနက် ၉နာရီ ၃၆မိနစ် ၄၈စက္ကန့်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ် မနက် ၉နာရီ ၄၀မိနစ် ၀၉စက္ကန့် မှာ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မနက် ၉နာရီ ၄၃မိနစ် ၃၁စက္ကန့် မှာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး…

မနက် ၉နာရီ ၄၆မိနစ် ၅၂စက္ကန့်မှာ ကယားပြည်နယ်၊ကရင်ပြည်နယ် မနက် ၉နာရီ ၅၀မိနစ် ၁၄စက္ကန့် မှာ ရှမ်းပြည်နယ် တောင်ပိုင်း မနက် ၉နာရီ ၅၃မိနစ် ၃၅စက္ကန့် မှာ ရှမ်းပြည်နယ် မြောက်ပိုင်း မနက် ၁၀ နာရီ ၀၃မိနစ် ၄၀စက္ကန့် မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း….

မြန်မာနိုင်ငံ နေကြတ်ဖြစ်စဉ် ပြီးဆုံးချိန်ကတော့ နေ့လယ် ၁နာရီ ၂၈မိနစ် ၃၃စက္ကန့် မှာပဲ ဖြစ်ပါတယ်ဒါ့အပြင် အခု နေကြတ်တာဟာ ၅၀ ရာခိုင်နှုန်း ဖြစ်ပြီးတော့ ဒေသအလိုက် နေကြတ်တာကို မြင်ရတဲ့ ရာခိုင်နှုန်း ကွာနိုင်တယ်လို့ သိရပါတယ်… နေကြတ်တာကို ကြည့်ရာမှာလည်း နေကို မျက်လုံးနဲ့ တိုက်ရိုက် မကြည့်ရ ပါဘူး….ထိခိုက်နိုင်တာကြောင့် အကာအကွယ်နဲ့ ကြည့်ပါ…. ဥပမာ ရေအိုးထဲကနေ တစ်ဆင့် ကြည့်လို ရသလို တခြားနည်းများနဲ့ပါ ကြည့်လို့ ရကြောင်း သိရပါတယ်…

Writer – HW (Shwe Yaung Lan)

Source : ကိုစိုင်း