ပရိ သတ်ကြီးရေ…အနာဂတ်မှာ နိုင်ငံတော်အတွက် အားထားရမယ့် ထူးချွန်ထက်မြက်တဲ့ သမီးလေးတစ်ဦး အခက်အခဲဖြစ်နေလို့ အကူအညီတောင်းပါရစေနော်…တတ်နိုင်သမျှ ဒီစာလေးကို Share ပေးစေချင်ပါတယ်နော် အကြောင်းအရာလေးကတော့ သံတွဲမြို့နယ်က မသဲဆုရွှေစင်ဟာ ယခုနှစ်မှာ ဒဧ-၂ အ-ထ-က ရွှေလှေ သံတွဲမြို့နယ်ကနေ ၅ဘာသာဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်…

သ မီးလေးရဲ့ စုစုပေါင်းရမှတ်ကတော့ (၅၀၂)မှတ်အထိ ရရှိခဲ့တာပါ…..သူရခဲ့တဲ့ ဘာသာရပ်အလိုက် အမှတ်တွေကတော့ မြန်မာစာ-၇၅၊ အင်္ဂလိပ်စာ-၇၃၊ သင်္ချာ-၉၀၊ ဓာတု-၉၃၊ ရူပ-၈၃၊ ဇီဝ-၈၈ တို့ ပဲ ဖြစ်ပါတယ် ဒီလို ထူးချွန်စွာအောင်ခဲ့တဲ့ သမီးလေးမှာ အဖေမရှိတော့ပါဘူး… သူမ ၄ နှစ်သမီးကတည်းက သေဆုံးခဲ့တာပါ…လက်ရှိမှာတော့ သံတွဲမြို့နယ် ရွှေလှေကျေးရွာ အုပ်စု ကျောင်းကုန်းရွာမှာ မိခင်ဖြစ်သူဒေါ်ခင်မြရွှေနဲ့ အတူနေထိုင်နေပါတယ်…. မိသားစုက ချို့တဲ့ပြီး မိခင်က ဈေးရောင်းရတာပါ….

ဒီ လို ထူးချွန်စွာအောင်ခဲ့တဲ့ သမီးလေးရဲ့ ရည်မှန်းချက်ကတော့ ဆေးတက္ကသိုလ် ဒါမှမဟုတ် သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်မှာ တက်ပြီး ဆရာဝန်တစ်ဦး ဖြစ်ချင်တယ်လို့ ဆိုပါတယ်…ဒါပေမဲ့ ကျောင်းတက်ဖို့အတွက် ငွေရေးကြေးရေး အခက်အခဲ ဖြစ်နေပါတယ်….

အဲတာကြောင့် နောင်တချိန် နိုင်ငံတော်အတွက်လည်း အကျိုးရှိပြီး သမီးလေးရဲ့ ဘဝရည်မှန်းချက်လေးလည်း ပြည့်စေဖို့ ပညာပါရမီ ဖြည့်တဲ့အနေနဲ့ သမီးလေး ကျောင်းဆက်တက်နိုင်ရေး တတ်နိုင်သမျှ ကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ်….သမီးလေးပညာရေးအတွက် ဆက်သွယ်လှူဒါန်းချင်ရင်တော့ …ဦးခင်မောင်ကျော်…၀၉၇၆၂၀၁၂၁၄၀…ဒေါ်သင်းသင်းဆွေ…၀၉၄၂၀၁၂၀၇၆၆…မသဲဆုရွှေစင် ၀၉၂၅၆၇၇၆၈၈၃ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်…

Writer – HW (Shwe Yaung Lan)

Source : Kyaw Htay Win