Oo Chay
Unicode
Taxiပေါ်မှာ လူပို ပါရင် လုံးဝမစီးပါနဲ့။
အ ခုလေးတင် ဖြစ်သွားတာပါ။ Taxi driverနဲ့ မိန်းမတစ်ယောက် ပေါင်းလုပ်တာပါ။ ပုံပါအမဟာ ၆ နာရီလောက်မှာသုဝဏ္ကကနေ တာမွေထိ ကားဌားပါတယ်။ Driverက ရှေ့မှတ်တိုင်ကျရင် နောက်က အမ ဆင်းမှာလို့ပြောပြီး လိမ်ခေါ်လာတာပါ။
ကာပေါ်ရောက်တော့ ကားပေါ်ပါ မိန်းမကဓားနဲ့ထောက်ပြီးပါတဲ့ ဆွဲကြိုး နားကပ် လက်စွပ်တွေ ချွတ်ယူပြီးလူပြတ်တဲ့ မြောက်ဒဂုံထ ၃ နားမှာ ထားခဲ့ပါ။ ကလေးလေးပါတဲ့အတွက် အသာတကြည် လိုက်ခဲ့ပုံရပြီးမခုခံနိုင်ခဲ့ပုံပါပဲ။ လမ်းမှာ ဟိုလျောက် ဒီလျောက်ပြီးကလေးလေးချီပြီး ငိုနေတာပါ ဖြစ်ချင်တော့ ကျွန်တော်ဆီ လမ်းလာမေးပါတယ်။ ကလေးချိပြီးငိုနေတော့ ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းလာတယ် ထင်တာပါ။ တော်တော်ကြောက် နေပုံပါပဲ။ သူက လူများတဲ့ နေရာကို ခေါ်သွား ပေးပါပြောတော့ လမ်းထိပ်က သံယောဇဉ်လက်ဖက်ရည်ဆိုင်ကို ခေါ်သွားတာပါ။ တော်တော် ဆိုးတာပါ။ ဖိနပ်တောင် မပါပါဘူး။ လက်ဖက်ရည်ဆိုင်က လူတွေ ဝိုင်းပြီး စိတ်ဖြေမှပဲ အဆင်ပြေသွားပုံပါပဲ။
အားလုံးဂရုစိုက်ကြပါ။ အခုတော့ မိသားစုတွေနဲ့ တွေ့သွားပါပြီ။
Oo Chay