မနက် ထဲက Breakfast တောင် မစားရပဲ အဖွဲ့သားတွေအားလုံး ကူညီမှုတွေ ဆောင်ရွက်ပေးခဲ့တာ ခုမှပဲ ရေမိုးချိုး ပြီးတော့တယ်။ Dr.အေးဇော်ထွန်း တို့ သားအဖအတွက် မိသားစုနဲ့ထပ်တူ ခံစားခဲ့ရ ပေမဲ့ လူတိုင်းစိတ်ဝင်စားနေတဲ့ပဟေဠိတခု အဖြေပေါ်သွားခဲ့တာပေါ့မနက် ၇ နာရီလောက်ကတည်းက ညောင်ပင်ဆိပ်ရောက် ရဲတပ်ဖွဲ့တွေ ရေငုတ်သမားတွေနဲ့အတူ ကိုယ်တိုင် စက်လှေနဲ့လိုက်ပါ လိုက်ရှာ ကားတွေ့ပြီးတော့လဲ နောက်ဆုံး ဆေးရုံကြီး ရင်ခွဲရုံ ရောက် တဲ့အထိ အားလုံး ဝိုင်းဝန်ကူညီဆောင်ရွက်ခဲ့ပါတယ်။

သားအဖ ၂ ဦးလုံးရဲ့ ရုပ်အလောင်းရော Dr.အေးဇော်ထွန်း ဝတ်ဆင်ထားတဲ့ ဆွဲကြိုး လက်စွပ် နာရီတွေ အားလုံးလဲ ဝတ်ဆင် ထားလျှက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဖုန်းတခုပဲ ပြန်မတွေ့တာပါ။

ဒေါက်တာအေးဇော်ထွန်းတို့သားအဖ စီးနင်းလာတဲ့ကားက ညောင်ပင်ဆိပ် အတ္ထရံမြစ်ဘက်ကို မောင်းသွားတယ်ဆိုတဲ့ စီစီတီဗီမှတ်တမ်းတစ်ခု ရဲတပ်ဖွဲ့နဲ့ (စစစ)အဖွဲ့တွေဆီက ကျွန်တော်တို့ ရလိုက်တယ်။ အဲဒီမှတ်တမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး နေရာဖြစ်တဲ့ မျှော်လင့်ရပ် ညောင်ပင်ဆိပ်မြစ်ဆိပ်ကနေ ကျနိုင်ခြေရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့ရဲ့ ကောက်ချက်ချမှုနဲ့ အတူ ရေငုပ်ရှာဖွေဖို့ Plan ချပြီး ချက်ချင်းရှာခဲ့ ကြတယ်။

အထ္တရံမြစ်ထဲမှာ စက်လှေနဲ့ ကျောက်ဆူးတွေချပြီး လိုက်ဆွဲတယ်။ မသင်္ကာတဲ့နေရာ ရေငုပ်ရှာတယ်။ အဲဒီလို လိုက်ရှာရင်းနဲ့ပဲ နေ့လည် ၁၁ နာရီလောက်မှာ မြစ်ထဲမှာ ကားတစီးကို စမ်းမိခဲ့တယ်။ ကားက ပက်လက်လန်အနေအထားနဲ့ပါ။ လူလို့ထင်ရတဲ့ အရာလည်း စမ်းမိ တယ်လို့ ရေငုပ်သမားက ပြောတော့ ကားကို ဆယ်တင်ဖို့လုပ်ကြ တယ်။ ရေတိုင်ကီတွေ အသုံးပြုပြီး မြစ်ထဲက ကားကို ခက်ခက်ခဲခဲ ဆယ်ရတာပါ။ ကားထဲမှာလည်း နွံတွေနဲ့တကားလုံး ပြည့်နေပါတယ် နောက်ထပ် မီးသတ်တပ်ဖွဲ့တွေ အခြားအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တွေ ထပ်ရောက်လာပြီး ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကားကို ဆယ်တင်နိုင်ခဲ့တော့ ကားက Dr.အေးဇော်ထွန်း ရဲ့ ကားပဲဖြစ်နေပြီး ရုပ်အလောင်းတွေကိုလည်း စိတ်မကောင်းစွာ တွေ့ရှိခဲ့ရပါတယ်။

နောက်ဆုံးမြေပြင် အနေအထားအရ ရုပ်အလောင်းတွေကို ကားထဲက ထုတ်သယ်လို့ အဆင်မပြေတော့ ကရိန်းကားခေါ် ကရိန်းနဲ့ မတင်ပြီး ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး ရင်ခွဲရုံရောက်မှ ရုပ်အလောင်းတွေ ကို ကားထဲကထုတ်ပြီး ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ် လက်ရှိမှာတော့ မုပွန်နယ်မြေရဲစခန်းမှာ လူပျောက်အမှတ်စဉ် (၁၄/၂၀၁၉) နဲ့ လူပျောက်တိုင်ထားတဲ့ အမှုပဲ ရှိသေးတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းအရ ဆက်လက် စစ်ဆေး ဆောင်ရွက်နေပါတယ်။

Dr.အေးဇော်ထွန်းတို့ သားအဖဟာ ဒီဇင်ဘာလ ၅ ရက်နေ့ ည ကတည်းက ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒီနေ့ ၂၄ ရက်နေ့မှာ ပြန်တွေ့တဲ့ အတွက် စုစုပေါင်း (၁၉)ရက် ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။

ပဟေဠိတခု အဖြေပေါ်သွားပေမဲ့ ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်။ ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးကြပါစေဗျာ။

ခရက်ဒစ် – Zin Moe၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့