တောင် ကိုရီးယား နိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ မြန်မာ စစ်ရေယာဉ် မုတ္တမ ဟာ ဒီကနေ့မှာ ရေတပ် တာဝန်တွေကို တရားဝင် စတင် ထမ်းဆောင်ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့ တပ်မတော်ရေ နေ့မှာ မုတ္တမ သင်္ဘော ဟာ တပ်တော်ဝင် ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ် ပေးခဲ့တာ ဖြစ်ပါတယ်။

မုတ္တမ ရေယာဉ်မှာ စစ်သည် ဝန်ထမ်း တစ်ရာကျော် လိုက်ပါ နိုင်ပြီး၊ သံချပ် ကာ ကားနဲ့ ထရပ်ကား စုစုပေါင်း ၂၉ စီး အထိ သယ်ဆောင် နိုင်မှာ ဖြစ်တယ်လို့ တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်လေယာဉ် ၂ စင်း သယ်ဆောင် နိုင်တဲ့ မုတ္တမ စစ်သင်္ဘော ကို ဘက်စုံသုံး ထောက်ပံ့ရေး အတွက် အသုံးပြုမှာ ဖြစ်တယ်လို့ တပ်မတော် သတင်း မှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး က ဘီဘီစီကို ပြောပါတယ်။

မြန်မာ့ ရေတပ် ဟာ ဖရီးဂိတ် စစ်သင်္ဘောတွေ နဲ့ ကမ်းရိုးတန်း လုံခြုံရေး သင်္ဘောတွေ ကိုလည်း ကိုယ်တိုင် တည်ဆောင် နိုင်ပြီလို့ လည်း သူက ပြောပါတယ်။

BBC Burmese