ပ ရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိနေတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကတော့ Grand Final ကိုရောက်ရှိလာခဲ့ပါပြီ။ ဒီအဆင့်မှာတော့ ဘင်ဂျမင်ဆုမ်း၊ အေးမြဖြူနဲ့ အက်စတာတို့သာ ကျန်ရှိတော့တာဖြစ်ပြီး အမာခံပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုအမြင့်ဆုံးအပတ်လို့လည်း ဆိုရမှာပါ။

Grand Final Show ကြီးကိုတော့ ကြာသပတေးနေ့မှာကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲကနေနှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေလည်း ပြန်လည်ဖျော်ဖြေဖို့ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။ သူတို့ထဲမှာတော့ အက်စတာနဲ့နော်စေးစေးထူးတို့ကတော့ မြန်မာအိုင်ဒေါကြောင့် တွေ့ဆုံခွင့်ရခဲ့ပေမယ့် ငယ်ငယ်ထဲကချစ်ခင်လာကြတဲ့ သူငယ်ချင်းအရင်းအချာတွေလို ရင်းနှီးခဲ့ကြတာပါ။

အခုလိုပြန်တွေ့တဲ့အချိန်မှာတော့ အတိုးချပြီးအလွမ်းသယ်နေတဲ့အကြောင်းကို ဗွီဒီယိုလေးရိုက်ထားတာ ဖြစ်ပါတယ်။ Voting Result ကြောင့် နော်စေးစေးထူးနှုတ်ဆက်ထွက်ခွာခဲ့ပြီးနောက်မှာလည်း သူတို့နှစ်ဦးစလုံးကတော့ အဆက်အသွယ်မပြတ်ဘဲ တစ်ယောက်ကိုတစ်ယောက် အားပေးလေ့ရှိကြသူတွေပါ။

အတွဲညီညီနဲ့ချစ်ဖို့ကောင်းတဲ့တိုင်းရင်းသူလေးတွေဖြစ်တဲ့အပြင် ပရိသတ်ရဲ့အချစ်တွေကိုလည်းသိမ်းပိုက်ထားတဲ့ သူတို့နှစ်ဦးရဲ့ အလွမ်းသယ်နေတဲ့ ဗွီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ Source : Naw Say Say Htoo