ပရိ သတ်ကြီးတို့ရေ ဒေါက်တာ အေးဇော်ထွန်းနဲ့ သားလေး စသုတမွန်တို့ရဲ့ စိတ်မကောင်းစရာသတင်းလေးကို ကြားသိကြပြီး ဖြစ်မှာပါ….ဒေါက်တာ အေးဇော်ထွန်းတို့ သား အဖ ဟာ လွန်ခဲ့တဲ့ ၁၉ ရက်အကြာကတည်းက ကားတစ်စီးနဲ့ အတူ မိတ်ဆွေတွေနဲ့ သွားတွေ့အပြီး အပြန်မှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်….

ပျောက်နေ တဲ့သတင်းတွေကိုလည်း မီဒီယာတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ကြားသိရသူအပေါင်းကလည်း စိတ်တွေပူပြီး အမြန်ဆုံး ပြန်တွေ့ပါစေလို့ ဆုတောင်းပေးနေခဲ့ကြတာပါ…..

ပျောက်ပြီး ၁၉ ရက်အကြာ ယနေ့မှာတော့ စိတ်မကောင်းစရာ ဖြစ်ရပ်နဲ့ အတူ ပြန်တွေ့ခဲ့ရပါတယ်… အတ္ထရံမြစ်ထဲကနေ သေဆုံးနေတဲ့ ရုပ်အလောင်းတွေနဲ့ အတူပြန်တွေ့ခဲ့တာဖြစ်လို့ ဒီသတင်းကို ကြားရသူအပေါင်းကလည်း စိတ်မကောင်းဝမ်းနည်းနေကြတာပဲ ဖြစ်ပါတယ်….

လက်ရှိအချိန်မှာတော့ ကျန်ရစ်သူ မိသားစုကနေ ကွယ်လွန်သွားခဲ့တဲ့ သားအဖနှစ်ဦးကို သဂြိုလ်မဲ့နေ့ရက်ကို ကြေညာခဲ့ပါတယ်…. ဒေါက်တာအေးဇော်ထွန်းနဲ့ သားဖြစ်သူကို လာမယ့် ၂၅-၁၂-၂၀၁၉ (ဗုဒ္ဓဟူး) နေ့လယ် ၃ နာရီမှာ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံကနေ ပိန္နကုန်းသုသာန်ကို ပို့ဆောင်မယ်လို့ သိရပါတယ်….

ဒေါက်တာအေးဇော်ထွန်းနဲ့ သားလေး ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်…

Writer – HW (Shwe Yaung Lan)

Source : Zin Moe