ကားေမာင္းသူ တိုင္း ဖတ္သင့္ပါတယ္။ ကားေရထဲ နစ္သြားရင္ ဘာလုပ္သင့္သလဲ

ကားေမာင္းသူတိုင္း ဖတ္သင့္ပါတယ္။ ကားေရထဲ နစ္သြားရင္ ဘာလုပ္သင့္သလဲကားေရထဲနစ္ရင္ ဘယ္လိုလုပ္ၾကမလဲဆိုတဲ့ Tipsေတြဖတ္ဖူးတယ္။ မွတ္မိသေလာက္ ျပန္ေျပာျပရရင္ ကားေရထဲနစ္ခ်ိန္မွာ အသက္ေဘးကလြတ္ဖို႔ အခ်ိန္တစ္မိနစ္ခြဲပဲရပါတယ္။ ကားေရထဲက်တာသိသိခ်င္း ခါးပတ္ကိုအရင္ျဖဳတ္ပါ .. ။

ကားတံခါးကိုလုံးဝမဖြင့္ပါနဲ႔။ ေရဖိအားေၾကာင့္ ဖြင့္ဖို႔မလြယ္ပါဘူး။ ကားမွန္ေနရာကေနပဲ ထြက္ဖိုႀကိဳးစားပါ။ ကားမွန္ေတြတင္ထားရင္ ကားမွန္ေတြကိုခ်ပါ။ ကားမွန္တံခါးေတြ ခ်လို႔မရရင္ ကားမွန္ကိုခြဲထြက္ပါ .. ။

ကားေရွ႕ထိုင္ခုံႏွစ္ခုရဲ႕ ေခါင္းမွီေနရာေတြကို အေပၚဆြဲပီး ခြၽတ္လိုက္ပါ။ ေအာက္ေျခသံတိုင္အခြၽန္ေတြက ကားမွန္ေတြ ခြဲထြက္လို႔လြယ္ေအာင္ လုပ္ထားတာပါ .. ။

ကားေဘးမွန္ေတြရဲ႕ ေဒါင့္ေတြကို အဲအခြၽန္နဲ႔ထိုးခြဲလို႔ ရပါတယ္။ Shoeဖိနပ္စီးထားရင္ ကားမွန္အလယ္ကို ေဆာင့္ကန္ရင္လဲ ကားမွန္ကြဲႏိုင္ပါတယ္။ ကားေရွ႕မွန္ ေနာက္မွန္ေတြကို မခြဲပါနဲ႔။ အဲမွန္ေတြကထူလို႔ပါ .. ။

ကားမွန္လဲခြဲမရ။ တံခါးလဲ ဖြင့္မရျဖစ္ေနရင္ ေနာက္ဆုံးတစ္နည္းပဲ ရွိပါတယ္။ ကားေရနစ္ပီး ကားထဲေရေတြဝင္လာတာကို ထိုင္ေစာင့္ေနပါ။ ေရေတြျပည့္ခါနီးလာရင္ ကားအတြင္းနဲ႔အျပင္က ဖိအားတူသေလာက္ရွိပီမို႔ ကားတံခါးကိုဆြဲဖြင့္လိုက္ရင္ အသာေလးပဲပြင့္ႏိုင္ပါတယ္တဲ့ … ။

ဒါေပမဲ့ အသက္အႏၲရယ္နဲ႔လဲ အရမ္းနီးတာမို႔ ကားမွန္ကေနပဲထြက္ႏိုင္ေအာင္ ႀကိဳးစားပါ … ။

Source – INTERNET

By Hein Zaw Nyo

Unicode

ကားမောင်းသူတိုင်း ဖတ်သင့်ပါတယ်။ ကားရေထဲ နစ်သွားရင် ဘာလုပ်သင့်သလဲ
ကားရေထဲနစ်ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ Tipsတွေဖတ်ဖူးတယ်။ မှတ်မိသလောက် ပြန်ပြောပြရရင် ကားရေထဲနစ်ချိန်မှာ အသက်ဘေးကလွတ်ဖို့ အချိန်တစ်မိနစ်ခွဲပဲရပါတယ်။ ကားရေထဲကျတာသိသိချင်း ခါးပတ်ကိုအရင်ဖြုတ်ပါ .. ။

ကားတံခါးကိုလုံးဝမဖွင့်ပါနဲ့။ ရေဖိအားကြောင့် ဖွင့်ဖို့မလွယ်ပါဘူး။ ကားမှန်နေရာကနေပဲ ထွက်ဖိုကြိုးစားပါ။ ကားမှန်တွေတင်ထားရင် ကားမှန်တွေကိုချပါ။ ကားမှန်တံခါးတွေ ချလို့မရရင် ကားမှန်ကိုခွဲထွက်ပါ .. ။

ကားရှေ့ထိုင်ခုံနှစ်ခုရဲ့ ခေါင်းမှီနေရာတွေကို အပေါ်ဆွဲပီး ချွတ်လိုက်ပါ။ အောက်ခြေသံတိုင်အချွန်တွေက ကားမှန်တွေ ခွဲထွက်လို့လွယ်အောင် လုပ်ထားတာပါ .. ။

ကားဘေးမှန်တွေရဲ့ ဒေါင့်တွေကို အဲအချွန်နဲ့ထိုးခွဲလို့ ရပါတယ်။ Shoeဖိနပ်စီးထားရင် ကားမှန်အလယ်ကို ဆောင့်ကန်ရင်လဲ ကားမှန်ကွဲနိုင်ပါတယ်။ ကားရှေ့မှန် နောက်မှန်တွေကို မခွဲပါနဲ့။ အဲမှန်တွေကထူလို့ပါ .. ။

ကားမှန်လဲခွဲမရ။ တံခါးလဲ ဖွင့်မရဖြစ်နေရင် နောက်ဆုံးတစ်နည်းပဲ ရှိပါတယ်။ ကားရေနစ်ပီး ကားထဲရေတွေဝင်လာတာကို ထိုင်စောင့်နေပါ။ ရေတွေပြည့်ခါနီးလာရင် ကားအတွင်းနဲ့အပြင်က ဖိအားတူသလောက်ရှိပီမို့ ကားတံခါးကိုဆွဲဖွင့်လိုက်ရင် အသာလေးပဲပွင့်နိုင်ပါတယ်တဲ့ … ။

ဒါပေမဲ့ အသက်အန္တရယ်နဲ့လဲ အရမ်းနီးတာမို့ ကားမှန်ကနေပဲထွက်နိုင်အောင် ကြိုးစားပါ … ။

Source – INTERNET

By Hein Zaw Nyo