



Unicode

ကားကို ရေထဲက ဆယ်လာကတည်းက ပြောင်းပြန်ကြီး၊ ကုန်ပေါ်ရောက်ခါနီးမှာ တွန်းချပြီး ပြန်လှည့်ခဲ့တာမို့ ဘယ်သူမှလည်း ဂီယာ မထိုးလိုက်ကြသလို၊ အထဲမှာလည်း ရွံတွေချည်းပဲမို့ ဆယ်နေတုန်း ဘယ်သူမှ အထဲကို မထိ၊ မကိုင်ကြဘူး။ အလောင်းကတော့ ရက်တော်တော်ကြာနေပြီမို့ စစ်ဆေးရတာ အတော်ခက်တော့မယ်။ ဒီတော့ ဂီယာဟာ အရေးကြီးတဲ့ သဲလွန်းစ တခုဖြစ်လာမှာပါ။

လမ်းကြုံ စုံထောက် လုပ်ကြည့်မိတာပါ။ ဆရာဝန်သားအဖ သေဆုံးမှုမှ အရေးပါတဲ့ မသင်္ကာဖွယ်ရာ သဲလွန်စ အချက်တစ်ချက် စိတ်မကောင်းလိုက်တာနော်။ ပျောက်နေတဲ့ ဆရာဝန်သားအဖရဲ့ ကားတဲ့။ သတိထားမိတာက ကားကို ရေထဲကနေ တွန်းတင်တဲ့အခါ ဘီးတွေလည်နေသလိုပဲ။ ဒီအချက်က မသင်္ကာစရာဖြစ်စေတယ်။

ဂီယာ D မှာလား N မှာလား စစ်သင့်တယ်။ဆိုလိုချင်တာက ကိုယ့်ပါကိုယ်မောင်းပြီး ရေထဲပြုတ်ကျတာဆို ဂီယာက D မှာ ရှိကို ရှိနေရမယ်။ ဒီလိုမှမဟုတ်ဘဲ ဂီယာ N မှာ ရောက်နေရင်တော့ သတ်ပြီးတော့ အစအန ဖျောက်ချင်လို့ ကားကို ရေထဲ တွန်းချတာမျိုး ဖြစ်နိုင်တယ်။

KBZ Media | www.kbzmedia.com