ငယ် စဉ်ကတည်းက မြန်မာသံစဉ်တွေနဲ့ အောင်မြင်မှုတွေသိမ်းပိုက်လာတဲ့ မေသက်ထားဆွေကတော့ မကွေးမြသလွန်စေတီတော်ကြီးမှာ ကျောက်စိမ်းလက်စွပ်တစ်ကွင်း ဌာပနာထားလှူဒါန်းခဲ့တဲ့အကြောင်းကို “မကွေးမြို့ မြသလွန်စေတီတော်ကြီးသို့ ဘုရားဖူးသွားရင်း စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို အပူဇော်ခံထားရှိချိန်နှင့် ကြုံကြိုက်၍လျှပ်တပြက်ကုသိုလ်အဖြစ် သမီးရဲ့ ကျောက်စိမ်းလက်စွပ်လေးကို လှူဒါန်းခဲ့ပါတယ်ရှင်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာ သံစဉ်တွေနဲ့ အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ မေသက်ထားဆွေကတော့ ကျောက်စိမ်းလက်စွပ်တစ်ကွင်း ဌာပနာထားလှူဒါန်းခဲ့တဲ့အပြင် ရွှေသင်္ကန်းကပ်ရန် အလှူငွေလည်း လှူဒါန်းခဲ့ကာ “ရွှေသင်္ကန်းကပ်ရန် အလှူငွေလည်း လှူဒါန်းခဲ့ပါတယ်။ သမီးနဲ့ (၇) ရက်သားသမီး ပရိသတ်ကြီးရဲ့ ကုသိုလ်အလှူပါ။ အားလုံး အမျှယူ သာဓုခေါ်ဆိုကြပါရှင်” လို့ အလှူလေးကို ပရိသတ်တွေလည်း ထပ်တူထပ်မျှရအောင် မျှဝေခဲ့ပါသေးတယ်။မေသက်ထားဆွေကတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပထမနှစ်တတ်ရောက်ပညာသင်ယူနေတာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မြန်မာတေးသံရှင်အဆိုတော် မေသက်ထားဆွေကတော့ မကွေးမြသလွန်စေတီတော်ကြီးမှာ ကျောက်စိမ်းလက်စွပ်တစ်ကွင်း ဌာပနာထားလှူဒါန်းခဲ့တဲ့အပြင် ရွှေသင်္ကန်းကပ်ရန် အလှူငွေလည်း လှူဒါန်းခဲ့ပါသေးတယ်နော်။

Source:May Thethtar Swe
DarDar-CeleGabar